၃ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
Pyae Phyo Thein

ရော်နယ်ကိုးမန်းက ဘာစီလိုနာနည်းပြသစ်ဖြစ်လာခဲ့ချိန်မှာ နယ်သာလန်မှာ အဓိကကစားသမားအဖြစ် အသုံးပြုခဲ့တဲ့ ၀ိုင်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 


လီဗာပူးလ်ကွင်းလယ်လူဝိုင်နယ်ဒမ်ဟာ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဟော်လန်ကွင်းလယ်လူဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေသူဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေခဲ့ကာ ရော်နယ်ကိုးမန်းရဲ့ ခေါ်ယူမှုနဲ့ ဘာစီလိုနာကိုရောက်ရှိတော့မှာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်နည်းပြကလော့ပ်ကတော့ စာချုပ်ကိစ္စအတွက် ၀ိုင်နယ်ဒမ်ကို စိတ်အေးလက်အေးထားဖို့ ပြောဆိုခဲ့ပြီး ကစားသမားဟာ အန်ဖီးလ်မှာသာ ဆက်ရှိနေမယ်လို့ ယုံကြည်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ကိုးမန်းက ဘာစီလိုနာနည်းပြသစ်ဖြစ်လာခဲ့ချိန်မှာ နယ်သာလန်မှာ အဓိကကစားသမားအဖြစ် အသုံးပြုခဲ့တဲ့ ၀ိုင်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 

Diario Sport ရဲ့ ဖော်ပြချက်အရဆိုရင် ၀ိုင်နယ်ဒမ်ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ ၀ိုင်နယ်ဒမ်အတွက် ဘာစီလိုနာက ပေါင် ၁၃သန်းကနေ ပေါင်၁၈သန်းအထိ ပေးချေသွားရဖွယ်ရှိကာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းသားက မကြာခင်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီဖြစ်ပါတယ်။

၀ိုင်နယ်ဒမ်ဟာ နယူးကာဆယ်ကနေ လီဗာပူးလ်ကို ပေါင် ၂၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စာချုပ်သစ်အတွက် လီဗာပူးလ်နဲ့ ညှိနှိုင်းမှုတွေအဆင်မပြေခဲ့တဲ့နောက် အသင်းပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပြီး ဘိုင်ယန်ကွင်းလယ်လူသီယာဂိုကို လီဗာပူးလ်က ခေါ်ယူဖို့ ပိုမိုကြိုးစားလာဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က