ပရီးမီးယားလိဂ်ကိုရောက်ရှိလာဖို့ ရှိနေသူပါ။
Win Kyaw Min

စပိန်ကွင်းလယ်ကစားသမားဖြစ်သူ ဆောနီဂွက်ဇ်ကို ဥရောပအသင်းကြီးအချို့က စိတ်ဝင်စားမှုများရှိနေခဲ့တာ လည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ဥရောပအသင်းကြီးအချို့ရဲ့ စိတ်ဝင်စားခြင်းခံနေတဲ့ အက်သလ က်တီကိုကွင်းလယ်ကစားသမားဖြစ်သူ ဆောနီဂွက်ဇ်က အနာဂတ်အခြေအနေကို မကြာမီထုတ်ဖော်ပြောဆိုမှာ ဖြစ်သလို အသင်းသစ်ကို ၃ရက်အတွင်း အတည်ပြုပေးဖို့ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြခဲ့မှုကို thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ခေါ်ယူလိုတဲ့ ဥရောပထိပ်သီးအသင်းများစွာရှိနေခဲ့ပြီး ဂျူဗင်တပ်၊ ပီ အက်စ်ဂျီတို့ကလည်း စိတ်ဝင်စားခဲ့သလို ပရီးမီးယားလိဂ်ကလပ်မန်ယူနိုက်တက်ကလည်း တရားဝင်ကမ်းလှမ်းဖို့ ပြင်ဆင်မှုများရှိနေတာပါ။



ဆောနီဂွက်ဇ်က “ အသင်းသစ် ….. ၃ရက်အတွင်းအတည်ပြုမယ်”၊ “ ကစားသမားဘဝရဲ့ အရေးကြီးဆုံးဖြစ် လာမယ့် ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီ”၊ “ အပြောင်းအရွှေ့အတွက် အတည်ပြုပေးဖို့ပဲ ကျန်တော့တယ်” လို့ တရားဝင်လူမှုကွန်ယက်ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆောနီဂွက်ဇ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ရဝဝန်းကျင်အသုံးပြုဖို့ကမ်းလှ မ်းဖို့ရှိနေတာဖြစ်ပြီး အစောပိုင်းသတင်းတွေအရ အက်သလက်တီကိုအသင်းက ပေါင်သန်း၁ဝဝကျော်အလိုရှိနေ ခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

As.com ရဲ့အတည်ပြုဖော်ပြချက်အရ မန်ချက်စတာယူနို်က်တက်အနေနဲ့ ဆောနီဂွတ်ဇ်ကို ခေါ်ယူဖို့အတွက် အ က်သလက်တီကိုအသင်းတာဝန်ရှိသူတွေနဲ့အကြား ပေါင် ၇၂သန်းတန်သဘောတူညီမှုအချို့ရရှိခဲ့ပြီဖြစ်တယ်လို့ အခိုင်အမာဖော်ပြထားပြန်ပါတယ်။


Author


က္က