တစ်နှစ်လုပ်ခ ယူရို၁သန်းအပြင် အခြားခံစားခွင့်တွေလည်း ပါရှိပါတယ်။

နှစ်ဖက် သဘောတူညီမှုအရ ချီလီလက်ရွေးစင်အတွက် တစ်နှစ်လုပ်ခ ယူရို ၁သန်းအပြင် အခြား ခံစားခွင့် တွေလည်း ပါရှိတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းက ချီလီကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ဗီဒယ်နဲ့ ဆေးစစ်မှုကိုလည်း ဒီကနေ့ တနင်္လာနေ့မှာပဲ ပြုလုပ်သွားတော့မှာ ဖြစ်ပြီး အပြီးသတ်စာချုပ်ကိုလည်း ၂၄ နာရီအတွင်း ချုပ်ဆိုနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး အင်တာမီလန်အသင်းကို ဗီဒယ်ပြောင်းရွှေ့နိုင်ခဲ့လို့ နည်းပြဆရာဟောင်းဖြစ်တဲ့ ကွန်တီနဲ့ တစ်ဖန် ပြန် လည် လက်တွဲခွင့်ရခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗီဒယ်နဲ့ ကွန်တီတို့ဟာ ဂျူဗင်တပ်အသင်းမှာ လက်တွဲခဲ့ဖူးပြီး စီးရီးအေ ဆုဖလားကို အတူ ကိုင်မြှောက်နိုင်ခဲ့ကြသူ တွေလည်း ဖြစ်ပါတယ်။

ဗီဒယ်အနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ မနှစ်က ဘောလုံးရာသီမှာ လာလီဂါပွဲ ၃၃ပွဲအထိ ကစားခဲ့ရာမှာ သွင်းဂိုး ၈ဂိုးအထိ ရရှိနိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းကတော့ ၂၀၂၀-၂၁ ဘောလုံးရာသီ စီးရီးအေ အဖွင့်ပွဲအဖြစ် လာမယ့် အပတ်မှာ ဖီအိုရင်တီး နားအသင်းကို အိမ်ကွင်းမှာ စတင်လက်ခံ ယှဥ်ပြိုင်ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က