ဒီနေ့မှာပဲ အပြောင်းအရွှေ့အပြီးသတ်ဖွယ်ရှိပါတယ်။
Pyae Phyo Thein

စပါးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူဟာ လန်ဒန်ကနေ ဒီနေ့မနက်ပိုင်းက ထွက်ခွာခဲ့တာဖြစ်ပြီး မီလန်မှာရှိတဲ့ Huamnitas ဆေးရုံးမှာ ဆေးစစ်သွားမယ်လို့ သိရပါတယ်။ 


တော့တင်ဟမ်အသင်းကွင်းလယ်လူအဲရစ်ဆန်ဟာ အင်တာမီလန်နဲ့အတူ ဆေးစစ်မှုခံယူဖို့အတွက် ဒီနေ့မှာ မီလန်ကို သွားရောက်ပြီလို့ သိရပါတယ်။ ရာသီကုန်မှာ စပါးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူဟာ လန်ဒန်ကနေ ဒီနေ့မနက်ပိုင်းက ထွက်ခွာခဲ့တာဖြစ်ပြီး မီလန်မှာရှိတဲ့ Huamnitas ဆေးရုံးမှာ ဆေးစစ်သွားမယ်လို့ သိရပါတယ်။ 

ဒိန်းမတ်ကွင်းလယ်လူအတွက် အင်တာမီလန်က ရက်သတ္တပတ်ပေါင်းများစွာကြိုးပမ်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ကစားသမားနဲ့ ကလပ်အသင်းကြားမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို အရင်ဦးဆုံးရယူနိုင်ခဲ့ပြီးနောက် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိအောင် တော်တော်လေးညှိနှိုင်းခဲ့ရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အင်တာမီလန်က အဲရစ်ဆန်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး ကစားသမားအတွက် တစ်နှစ်လုပ်ခ ပေါင် ၆.၅သန်း ပေးချေသွားမယ်လို့ ဆိုပါတယ်။ အင်တာမီလန်အနေနဲ့ ပြောင်းရွှေ့ကြေးကိုတော့ ပေါင် ၁၇.၅သန်း ပေးချေသွားဖို့ မျှော်လင့်ထားပြီး စပါးအသင်းကတော့ အဆိုပါပမာဏထက် ပိုမိုပြီး ရယူလိုနေတာကြောင့် အပိုဆုကြေးငွေ ထပ်မံပေးချေရဖွယ်ရှိနေပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း စပါးအတွက် ပါဝင်ကစားပေးခဲ့ခြင်းမရှိတာကို တွေ့မြင်ခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ သူ့ကစားသမားကို အသင်းမှာဆက်လက်ရှိနေစေဖို့ မျှော်လင့်နေပေမယ့် ကစားသမားကို်ယတိုင်က အသင်းကနေ ထွက်ခွာချင်နေခဲ့တာလည်း ဖြစ်ပါတယ်။ 


Author


က္က