ဒီအပြောင်းအရွှေ့ဟာ အပြီးသတ်လုနီးပါးဖြစ်နေကာ အတည်ပြုသတင်းထုတ်ပြန်ဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ်ဟာ ဟော်လန်မှာပဲ ဆေးစစ်မှုပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဗန်ဒီဘိခ်ဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲစဉ်တွေကို ကစားသွားဖို့ရှိနေတာကြောင့် ဟော်လန်မှာသာ ဆေးစစ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကစားသမားရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း ဒီအပြောင်းအရွှေ့ကိုအတည်ပြုခဲ့ပြီး ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ဗန်ဒီဘိခ်က ကိုယ်တိုင်ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ဟာ အပြီးသတ်လုနီးပါးဖြစ်နေကာ အတည်ပြုသတင်းထုတ်ပြန်ဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
အခြားဆက်စပ်သတင်းများအရ ဗန်ဒီဘိခ်အနေနဲ့ နိုင်ငံပွဲစဉ်တစ်ပွဲကို ပါဝင်ကစားခဲ့ပါက အင်္ဂလန်ကိုလာရောက််ရာမှာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်စရာမလိုဘူးလို့ သိရပါတယ်။ ဟော်လန်နဲ့အတူ ဝင်ရောက်ကစားပေးခဲ့မှုက သူ့ကို ခြွင်းချက်တစ်ခုအဖြစ် သတ်မှတ်ပေးလို့ရတဲ့ အခြေအနေဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အသင်းဖော်သစ်တွေနဲ့ ပုံမှန်အတိုင်းလေ့ကျင့်နိုင်မှာဖြစ်လို့ ယူနိုက်တက်အတွက် ကစားသမားကို စောင့်ဆိုင်းနေစရာ လိုမှာမဟုတ်ဘဲ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။