လာမယ့်နွေရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မှာပါ။
Kyaw Ko Ko Sint

အူဘာမီယန်းကတော့ အာဆင်နယ်အတွက် အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သလို သူ့ရဲ့ သွင်းဂိုးတွေနဲ့ အာ ဆင်နယ်ဟာ အက်ဖ်အေနဲ့ကွန်မြူနတီဒိုင်းပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ထားခဲ့တာပါ။

ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးရော ပင်နယ်တီ အဆုံးအဖြတ် အနိုင်ဂိုးရောသွင်းယူကာ အာဆင်နယ်အသင်းကို ချန်ပီယံ ဖြစ်စေခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ နောက်ထပ် အချိန်ကြာ ထပ်ရှိနေမယ်လို့ ယုံကြည်ထားကောင်း နည်းပြချုပ် အာတီတာက ပြောသွားပါတယ်။

အူဘာမီယန်းကတော့ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ် မချုပ်ဆိုနိုင်သေးပါဘူး။

“ကျွန်တော့်အလုပ်က သူ့ကို အချိန်မှန်နေရာမှန်မှာရှိဖို့ စည်းရုံးရမှာပါ။လက်ရှိမှာလည်း ကျွန်တော်တို့အနေနဲ့ စာ ရွက်စာတမ်းနဲ့လုပ်ဆောင်ဖို့ပဲ ကျန်ပါတော့တယ်။”လို့ အာတီတာာက BBC SPORTကို ပြောပါတယ်။

အသက် ၃၁နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးကတော့ အာဆင်နယ်အသင်းကို ၂၀၁၈ခုနှစ်က ပေါင် ၅၆သန်းနဲ့ ဒေါ့မွန် အသင်းက ပြောင်းရွှေ့လာသူပါ။

ပွဲပေါင်း ၁၀၉ပွဲကစားကာ ဂိုးပေါင်း ၇၀သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလားနဲ့ကွန်မြူနတီဒိုင်းပြိုင်ပွဲတွေ မှာ အာဆင်နယ်အသင်းကို ချန်ပီယံ ဖြစ်အောင် သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးထားနိုင်သူပါ။

ဒါ့အပြင် ဝင်ဘလေကွင်းမှာ ၅ဂိုးသွင်းယူပေးနိုင်တဲ့ ဒုတိယမြောက် အာဆင်နယ်ကစားသမားအဖြစ်လည်း မှတ် တမ်းဝင်ထားနိုင်ပါပြီ။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးဖက်ကို ၂ဂိုး ဗိုလ်လုပွဲမှာ ချဲလ်ဆီးဖက်ကို ၂ဂိုးနဲ့ ယခု ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲမှာ တစ်ဂိုး စုစုပေါင်း ၅ဂိုးအထိသွင်းယူနိုင်ပြီး ဆန်းချက်ပြီးရင် ဒုတိယမြောက် ၅ဂိုးသွင်းယူနိုင်သူ ဖြစ်လာ ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က