အူဘာမီယန်းလို အဆင့်မြင့် တိုက်စစ်မှူးကို ခေါ်ယူနိုင်ခဲ့ရင် အသင်းအတွက် အများကြီး အကျိုးရှိလာစေမှာပါလို့ အားကစားဒါရိုက်တာ အဘီဒယ်လ်က ပြောခဲ့ပါတယ်။
အာဆင်နယ် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီး ယခုအခါ ဘာစီလိုနာအသင်းက ဟုတ်မှန်ကြောင်း အတည်ပြု ထုတ်ပြန်လာခဲ့ပြီလို့ Metro.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အူဘာမီယန်းအနေနဲ့အာဆင်နယ် နည်းပြသစ် အာတီတာ ဖြစ်လာချိန်မှာ အာဆင်နယ်က ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အူဘာမီယန်းက သူ့အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရချင်တဲ့အတွက် အာဆင်နယ်က ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိ နေခဲ့တာလို့လည်း ရင်ဖွင့်ထားသူပါ။
ဘာစီလိုနာအသင်းကတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဆွာရက်ဇ်နေရာမှာ အစားထိုးချင်တဲ့အတွက် အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။
လက်ရှိမှာ အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ - “ သူ့ကို စိတ်ဝင်စားပါ တယ်။သူ့အသင်းမှာသူက အရေးပါတဲ့ ကစားသမားတစ်ဦးပါ။သူ့လို အဆင့်မြင့် ကစားသမားကို ခေါ်ယူနိုင်မယ်ဆို ရင်တော့အသင်းအတွက် အကောင်းဆုံး ဖြစ်မှာပါ။ဒီလာမယ့် နွေရာသီစျေးကွက်မှာတော့ ကျွန်တော်တို့ အဆင့်မြင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်၊ ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။”လို့ ဘာ လိုနာ အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်က ပြောခဲ့ပါတယ်။
အူဘာမီယန်းကတော့ အာဆင်နယ်ကို ၂၀၁၈ က ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၇၂ ပွဲမှာ ၄၆ ဂိုးသွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။