ပီအက်စ်ဂျီအနေနဲ့ တရားဝင်ကမ်းလှမ်းဖို့ရှိနေခဲ့တာပါ။

စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အူဘာမီယန်ကို ခေါ်ယူလိုတဲ့ ဥရောပအသင်းကြီးအများစုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်သာကျန်ရှိတော့တဲ့ တိုက်စစ်မှူးအူဘာမီယန်ကို ပေါင် ၄၅သန်းဝန်းကျင်အသုံးပြုကမ်းလှမ်းဖို့အတွက် ပီအက်စ်ဂျီအသင်းပြင်ဆင်နေခဲ့ပြီဖြစ်တယ်လို့ dailymail ရဲ့ဖော် ပြချက်အရ သိရပါတယ်။

တိုက်စစ်ကစားသမားစာရင်းမှာ အိုင်ကာဒီ၊ နေမာ၊ ကာဗာနီ၊ အမ်ဘာပီ၊ ချူပိုမိုတင်းတို့ရှိပြီး သားဖြစ်ပေမယ့်ကာ ဗာနီနဲ့ အိုင်ကာဒီတို့ကို လက်လွှတ်ရဖို့ရှိနေတဲ့အခြေအနေကြောင့် ပီအက်စ်ဂျီအနေနဲ့ အခုလိုကမ်းလှမ်းဖို့စီစဉ်ေ နခဲ့တာလည်းဖြစ်ပါတယ်။



လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အူဘာမီယန်ရဲ့အခြေအနေကြောင့် အာဆင်နယ်အသင်းအနေနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ရှိနေပေမယ့် ကြန့်ကြာနေခြင်းကြောင့် ဥရောပအသ င်းကြီးအချို့က မျက်စိကျနေခဲ့တာပါ။

လက်ရှိသတင်းတွေအရ အူဘာမီယန်ကိုခေါ်ယူဖို့အတွက် စပိန်လာလီဂါထိပ်သီးကလပ်ဘာစီလိုနာအသင်းနဲ့အီ တလီစီးရီးအေကလပ်အင်တာမီလန်အသင်းတို့က အပြိုင်စိတ်ဝင်စားနေတာဖြစ်ပြီး ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ရှိနေရာမှာ ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နှစ်ဖက်လုံးကတစ်စုံတစ်ရာအတည်ပြုခြင်းမရှိသော်လည်း ချန်ပီယံလိဂ်ကစား လိုတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ အူဘာမီယန်ရဲ့ မှတ်ချက်ကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ခြေအ များဆုံးရှိနေတယ်လို့လည်း သုံးသပ်မှုတွေရှိနေခဲ့ပါတယ်။



က္က