အူဘာက ပွဲပေါင်း ၁၀၉ပွဲကစားကာ ဂိုးပေါင်း ၇၀သွင်းပေးထားနိုင်သူ ဖြစ်ပါတယ်။

တစ်ရာသီမှာ အသင်းအတွက် ၂၅ဂိုးကနေ ၃၀အထိ သွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုးကို ထိန်းသိမ်းထားသင့်တယ်လို့ ဝီလီယံက ထောက်ပြခဲ့တာပါ။

အာဆင်နယ်အသင်းမှာ အူဘာမီယန်း ရှိနေဖို့ သူ့အတွက် အင်မတန်မှ အရေးကြီးတယ်လို့ ဝီလီယံက အသင်းကို တောင်းဆိုခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



အူဘာမီယန်းကတော့ အာဆင်နယ်အသင်းကို ၂၀၁၈ခုနှစ်က ဒေါ့မွန်အသင်းကနေ ပြောင်းလာချိန်ကစပြီး ဥရောပ မှာ ထိပ်တန်းအဆင့်ရှိကြောင်းသက်သေပြထားနိုင်သူပါ။

လက်ရှိအချိန်ထိလည်း အသင်းကိုရောက်ချိန်ကစပြီး ပွဲပေါင်း ၁၀၉ပွဲကစားကာ ဂိုးပေါင်း ၇၀သွင်းပေးထားနိုင်သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုလည်း ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အက်ဖ်အေဖလားရဖို့ သွင်းဂိုးတွေနဲ့ စွမ်း ဆောင်ပေးထားနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းဖက်ကို ၂ဂိုးသွင်းယူခဲ့ပါတယ်။

“အာဆင်နယ်ကို ပြောင်းလာတာ ဆုဖလားအတွက် ကျွန်တော်တို့ စိန်ခေါ်နိုင်စွမ်းရှိလို့ပါ။ဒီနေရာမှာ အူဘာက အဓိက နေရာမှာ ရှိနေပါတယ်။သူအသင်းမှာ ဆက်ရှိနေဖို့ လိုပါတယ်။ဒါကကျွန်တော့်အတွက် အင်မတန် အရေး ပါပါတယ်။”လို့ ဝီလီယံက The Sun သတင်းဌာနကို ပြောခဲ့တာပါ။

ဝီလီယံကတော့ ယခုနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာသူ ဖြစ်ပြီး ၃နှစ်စာချုပ်ချုပ်ဆိုထားသူပါ။

“သူက တစ်ရာသီကို ၂၅ဂိုးကနေ ၃၀အထိသွင်းယူပေးနိုင်သူပါ။ဒီလို ကစားသမားမျိုးကို ဆက်ထိန်းထားသင့်ပါ တယ်။အသင်းတစ်သင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ တိုက်စစ်မှူးတစ်ဦးဘယ်သူလဲဆိုရင် အူဘာက လက်ညိုးထိုး ဖို့ ထိုက်တန်တဲ့သူပါ။”လို့ ဝီလီယံက ဆက်လက်ဆိုပါတယ်။

အာဆင်နယ်အသင်းကတော့ ၂၀၂၀-၂၁ ဘောလုံးရာသီသစ်အတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဝီလီယံကို အလွတ်ခေါ်ယူထားနိုင်ပြီး နောက်ထပ် ကစားသမားခေါ်ယူနိုင်ရေးနဲ့ အသင်းက ကစားသမားအချို့ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က