ပေါင် ၃၁ သန်းခန့် ပေးချေရမယ်လို့ သိရပါတယ်။
Pyae Phyo Thein

လက်စတာစီးတီးအသင်းဟာ တိုက်စစ်မှူးဗာဒီနဲ့ တွဲဖက်ပေးဖို့အတွက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးလူကာဂျိုဗစ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လက်စတာနည်းပြရော်ဂျာကလည်း အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဗာဒီနေရာမှာ အစားထိုးဖို့အတွက်ပါ ရည်ရွယ်ထားတယ်လို့ Sportsmail က ဖော်ပြခဲ့ပါတယ်။ 

ဗာဒီဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးသွင်းယူထားပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှာရပ်တည်နေသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်ဂျာက ရီးရဲလ်မှာ အဆင်မပြေဖြစ်နေတဲ့ လူကာဂျိုဗစ်ကို ဗာဒီနဲ့ တွဲဖက်ပေးဖို့အတွက် တော်တော်လေးစိတ်ဝင်စားနေပြီး လာမယ့်ရာသီမှာ ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုထားကြောင်းလည်း သိရပါတယ်။

လူကာဂျိုဗစ်ကတော့ ဒီရာသီအစမှာ ဖရန့်ဖတ်ကနေ ရီးရဲလ်ကို ပေါင် ၅၄သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းမှာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိမှာလည်း ဒဏ်ရာကြောင့်အနားယူနေရကာ ပြန်လည်စတင်ခဲ့တဲ့ပွဲတွေကို ပါဝင်ကစားပေးနိုင်ခြင်း လုံးဝမရှိသူဖြစ်ပါတယ်။ ရီးရဲလ်ကလည်း ဆာဘီယားတိုက်စစ်မှူးကို ပြန်လည်ရောင်းချဖို့အတွက် စဉ်းစားနေပါတယ်။ 

လက်စတာဟာ လူကာဂျိုဗစ်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်မှုတွေပြုလုပ်ပြီးပြီလို့ သိရကာ ခေါ်ယူနိုင်ဖို့အတွက် အချို့အချက်အလက်တွေကို သဘောတူညီမှုတောင်ရရှိခဲ့ပြီးပြီလို့လည်း သတင်းတွေထွက်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ လာလီဂါသွင်းဂိုး ၂ဂိုးတည်းသာ ရရှိထားပြီး ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အတွက် ၄၂ ပွဲကစားပြီး ၂၇ ဂိုးရရှိထားမှုနဲ့ နှိုင်းယှဉ်ကြည့်ပါက တော်တော်လေးခြေစွမ်းပျောက်နေခဲ့တာဖြစ်ပါတယ်။ 

လူကာဂျိုဗစ်ရဲ့ တန်ဖိုးဟာ ပေါင် ၃၁သန်းခန့် ရှိနိုင်တယ်လီု့ သိရပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဘဏ္ဍာရေးပိုင်းထိခိုက်မှုတွေရှိနေခဲ့လို့ ကစားသမားတချို့ကို ရောင်းချဖို့လည်း ရှိနေပါတယ်။ ကစားသမားသစ်တချို့ခေါ်ယူချင်နေသေးတဲ့ ဇီဒန်းအတွက် အသင်းမှာရှိပြီးသားကစားသမားတွေကို ပြန်လည်ရောင်းချဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ 


Author


က္က