ဟာဇက်၊ ဘာပေနဲ့ ဟာလန်းတို့ တိုက်စစ်အတွဲကို ဖန်တီးသွားမှာပါ။

လက်ရှိမှာတော့ ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့လို့ ဘေးလ်နဲ့ ဘန်ဇီမာတို့နှစ်ဦးသာ ကျန်ရှိတော့ပြီး အဆိုပါကွက်လပ်ကို အခုချိန်ထိ ရီးရဲလ်က မဖြည့်တင်းနိုင်ဘဲရှိနေခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းဟာ နာမည်ကျော် BBC တိုက်စစ်အတွဲနေရာမှာ နောက်ထပ်တိုက်စစ်အတွဲတစ်ခုကို အစားထိုးဖို့အတွက် ရည်ရွယ်နေပြီဖြစ်ပါတယ်။ ဘန်ဇီမာ၊ ရော်နယ်ဒို၊ ဘေးလ်တို့ရဲ့ နာမည်ကျော်တိုက်စစ်အတွဲနေရာမှာ ဟာဇက်၊ ဟာလန်း နဲ့ ဘာပေတို့အတွဲကို အစားထိုးဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ဟာလန်းနဲ့ ဘာပေတို့ကို ၂၀၂၁ ခုနှစ်မှာ ရရှိအောင်ခေါ်ယူဖို့အတွက် ရီးရဲလ်က ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဟာဇက်ကို ချယ်လ်ဆီးထံကနေ ခေါ်ယူခဲ့ပြီးနောက် လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးလူငယ်တိုက်စစ်မှူးနှစ်ဦးကို ထပ်မံခေါ်ယူတော့မှာလည်းဖြစ်ပါတယ်။ 

အဆိုပါတိုက်စစ်အတွဲအဖက်ဟာ BBC တိုက်စစ်အတွဲလိုပဲ အသင်းအတွက် အကျိုးကျေးဇူးပြုနိုင်မယ်လို့ ဇီဒန်းက ယုံကြည်နေပါတယ်။ ရော်နယ်ဒိုဦးဆောင်တဲ့ တိုက်စစ်အတွဲကတော့ ရီးရဲလ်အတွက် ကြီးမားတဲ့အောင်မြင်မှုတွေကို ရယူပေးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲအဖက်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရကာ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့လို့ ဘေးလ်နဲ့ ဘန်ဇီမာတို့နှစ်ဦးသာ ကျန်ရှိတော့ပြီး အဆိုပါကွက်လပ်ကို အခုချိန်ထိ ရီးရဲလ်က မဖြည့်တင်းနိုင်ဘဲရှိနေခဲ့ပါတယ်။ ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက်မှာလည်း ဆုဖလားလက်မဲ့ရာသီနဲ့ ရီးရဲလ်က ကြုံတွေ့ခဲ့ရကာ လော့ပ်တယ်ဂီ၊ ဆိုလာရီတို့ကို နည်းပြသစ်တွေအဖြစ် ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ဇီဒန်းက တစ်ကျော့ပြန်ကိုင်တွယ်ပေးနေခဲ့တာဖြစ်ပါတယ်။




က္က