ပထမဦးစားပေး ဂိုးသမားအဖြစ် မကစားနိုင်တော့တာကြောင့်ပါ။

အာဆင်နယ်အသင်းမှာ အဓိက ဂိုးသမားနေရာ တာဝန်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် ဂိုးသမား မာတီနက်ဇ်ဟာ ဗီလာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အနည်းဆုံး ၄နှစ်စာချုပ်ချုပ်ဆိုမယ်လို့လည်း Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မာတီနက်ဇ်ကို ဘရိုက်တန်အသင်းက စိတ်ဝင်စားခဲ့ပေမယ့်လည်း ဗီလာအသင်းက ကစားသမားအတွက် ပေါင် ၁၆ သန်းပေးချေခဲ့ပြီး မာတီနက်ဇ်ကလည်း ဗီလာကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။



ပြီးခဲ့တဲ့ အာဆင်နယ်အသင်းက ဖူဟမ်အသင်းကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း အသင်းလူ စာရင်းမှာ မပါဝင်ခဲ့ပဲ လာမယ့် ဗီလာအသင်းနဲ့ ရှက်ဖီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဗီလာနဲ့ပါဝင်လာနိုင် ပါတယ်။

ဗီလာအသင်းကတော့ မာတီနက်ဇ်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ရှိနေပြီး အကြောင်းကတော့ ပထမ ဦးစားပေး ဂိုးသမား ဟီတန်က ဒူးဒဏ်ရာရ နေတာကြောင့်ပါ။

အာဆင်နယ် ဂိုးသမား မာတီနက်ဇ်ကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲတွေမှာ အသင်းအတွက် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းနဲ့အတူ ပထမဦးစားပေးနေရာကို တိုက်ပွဲဝင်နိုင်မယ်လို့ သုံးသပ်ကြပေမယ့်လည်း နည်းပြ အာတီတာရဲ့ ပထမဦးစားပေး ဂိုးသမားက လီနိုသာ ဖြစ်နေတဲ့အတွက် အခုလို အသင်းပြောင်းရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က