ဘကေ်ခမ်းက မဂျာလိဂ်မှာ အင်တာမီယာမီအသင်းကို တည်ထောင်ထားသူပါ။

ဘက်ခမ်းက အမေရိကန်နိုင်ငံ မေဂျာလိဂ်မှာ အင်တာမီယာမီအသင်းကို တည်ထောင်ထားပြီး လာမယ့်နှစ် ပြိုင်ပွဲ ကနေ စတင်ပြီး ပါဝင်ယှဉ်ပြိုင်စေတော့မှာ ဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ မေဂျာလိဂ်ကလပ် မီယာမီ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်း အနေနဲ့ မန်ယူအသင်းက ညာနောက်ခံလူ ဗလင်စီယာကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အီကွေဒေါ ညာနောက်ခံလူအနေနဲ့ မန်ယူအသင်းမှာ ဘက်ခမ်း ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင် ကစားနေသူ ဖြစ်ပြီး လက်ရှိမှာ ဘက်ခမ်းနည်းတူ မေဂျာလိဂ်ကို ရောက်ရှိဖို့ အခွင့်အရေးများနေတာလည်း ဖြစ် ပါတယ်။

အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ဗလင်စီယာအနေနဲ့ မန်ယူအသင်းနဲ့ ဒီနှစ်ကုန်မှာ အလွတ်ထွက်ခွာခွင့်ရှိ နေပြီး ကစား သမား ဘဝကိုလည်း နောက်ထပ် ၂ နှစ်နဲ့ ၃ နှစ်ထပ်မံ ကျင်လည်ဖို့ ရှိနေသူလို့ သိရပါတယ်။

ဘက်ခမ်းရဲ့ အင်တာ မီယာမီအသင်းကတော့ လာမယ့်နှစ် မေဂျာလိဂ် ပြိုင်ပွဲကနေ စတင်ပြီးတော့ ပါဝင်ယှဉ်ပြိုင် ကစားတော့မယ့် အသင်းဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ဒီနှစ်အကုန်ပိုင်းမှာ အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဗလင်စီယာ၊ဟာရဲရားနဲ့ ဂျိမ်း ဝေလ်ဆင် အပါအဝင် ကစားသမား ၁၅ ဦးလောက်ကို အသင်းက ထွက်ခွာခွင့်ပြုဖို့ ရှိေ နတဲ့အသင်းလို့လည်း သိရပါ တယ်။


ဆက်စပ်အကြောင်းအရာများ



က္က