ဘိခ်ရောက်လာရင် ယူနိုက်တက်မှာ ကွင်းလယ်လူ ၉ဦးထိရှိလာမှာပါ။
Kyaw Ko Ko Sint

ဗန်ဒီဘိခ်ကို ပေါင် သန်း ၄၀နဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူထားချိန် အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ အခြားသော ကွင်းလယ်လူတွေကို ရောင်းထုတ်ခြင်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းမှာရှိတဲ့ လင်ဂတ်နဲ့ ပါရဲရားတို့ကို ရောင်းချဖို့ စီစဥ်နေပြီလို့ Daily Mail က ဖော်ပြလာပါတယ်။

အကြောင်းကတော့ အေဂျက်အသင်းက ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘိခ်ကတော့ နည်းပြ ဆိုးလ်ရှားအတွက် ယခုနွေရာသီ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ပြီး လက်ရှိမှာ ပုဂ္ဂိုလ် ရေး သဘောတူညီမှုနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့ ပြောဆိုပြီးပြီလို့ သိရပါတယ်။

လင်ဂတ်နဲ့ပါရဲရားကို ရောင်းချမယ်ဆိုတဲ့ သတင်းက ထူးခြားမှု သိပ်မရှိလှပဲ မူလကတည်းက အဆိုပါ ကစားသမား နှစ်ဦးကို အသင်းက ရောင်းထုတ်မယ်လို့ သတင်းထွက်ထားတာပါ။

လက်ရှိ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာတော့ ပေါ့ဂ်ဘာ၊ဖာနန်ဒက်စ်၊ဖရက်ဒ်၊မာတစ်၊စကော့တော်မီနေးနဲ့ မာတာ တို့ ရှိနေတာကြောင့် လင်ဂတ်နဲ့ ပါရဲရားတို့ကို ရောင်းထုတ်ပြီး ဘိခ်အတွက် ပြောင်းရွှေ့စရိတ် ပြန်ကာမိအောင် စီစဥ်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

လင်ဂတ်နဲ့ပါရဲရားတို့ကတော့ ယူနိုက်တက်မှာ ခြေစွမ်းပြလာတဲ့ မေဆန်ဂရင်းဝုဒ်နဲ့ ဇန်နဝါရီမှာ ရောက်လာတဲ့ ဖာနန်ဒက်စ်တို့ကြောင့် နေရာပျောက်ဆုံးနေခဲ့သူတွေလည်း ဖြစ်ပါတယ်။

အခုချိန်ဟာ ယူနိုက်တက်နဲ့ လင်ဂတ်ရဲ့ နှစ်ပေါင်း ၂၀ သံယောဇဥ်ကို အဆုံးသတ်ချိန်ဖြစ်ပြီး ၇နှစ်အရွယ်ကတည်း ကယူနိုက်တက်မှာ ရှိနေသူပါ။

ဒါပေမယ့်လည်း လင်ဂတ်ဟာ ယခုနှစ် ဘောလုံးရာသီအတွင်း နှစ်သစ်က စတင်ကာ တစ်ပွဲမှ ပွဲထွက် ကစားခွင့် မရခဲ့သေးပါဘူး။

ပါရဲရားကတော့ ၂၀၁၁ခုနှစ်က အသင်းကို ရောက်ချိန်မှာ ၁၅နှစ်သားသာ ရှိသေးပြီး ယခုနှစ်မှာတော့ ဖေဖော်ဝါရီ လကစတင်ပြီး ပွဲထွက်ခွင့်မရထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က