မူအားဖြင့် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
Pyae Phyo Thein

ဗန်ဒီဘိခ်အတွက် ကြိုးစားမှုတွေပြုလုပ်နေတဲ့ ရီးရဲလ်ဟာ ယူနိုက်တက်ထက် လက်ဦးမှုရယူသွားခဲ့တာဖြစ်ပြီးတော့ အပြီးသတ်ညှိနှိုင်းဖို့သာ ကျန်ရှိတေ့ာတယ်လို့ သိရပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကို ခေါ်ယူဖို့ မူအားဖြင့်သဘောတူညီမှုရရှိခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ရာသီကတည်းက ဗန်ဒီဘိခ်အတွက် ကြိုးစားမှုတွေပြုလုပ်နေတဲ့ ရီးရဲလ်ဟာ ယူနိုက်တက်ထက် လက်ဦးမှုရယူသွားခဲ့တာဖြစ်ပြီးတော့ အပြီးသတ်ညှိနှိုင်းဖို့သာ ကျန်ရှိတေ့ာတယ်လို့ သိရပါတယ်။ 

ဗန်ဒီဘိခ်ကို ရီးရဲလ်နဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်လို့ အေဂျက်ဇ်အားကစားဒါရိုက်တာဗန်ဒါဆားက အတည်ပြုခဲ့ပြီးနောက်မှာ ဒီသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကစားသမားကို ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးတော့ ပြောင်းရွှေ့ကြေးပေါင် သန်း ၄ဝအထိ ပေးချေရမှာဖြစ်တယ်လို့လည်း Transfer Market WEB က ဖော်ပြသွားခဲ့ပါတယ်။ 

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ အေဂျက်ဇ်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲကစားထားပြီး ၁၀ ဂိုးသွင်းယူကာ ၁၁ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ဗန်ဒါဆားကလည်း ကစားသမားတွေအတွက် ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရရှိမှသာ ရောင်းချသွားမယ်လို့ ပြောဆိုထားခဲ့သလို အသင်းပြောင်းရွှေ့ချင်သူတွေအတွက်လည်း အခွင့်အရေးပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် အပြောင်းအရွှေ့က အပြီးသတ်မှုမရှိသေးတာကြောင့် မန်ချက်စတာယူနိုက်တက်အတွက် အခွင့်အရေးရှိနေသေးတယ်လို့ Daily Star က ဆိုပါတယ်။ ယူနိုက်တက်အနေနဲ့ ဟာလန်းကို ဒေါ့မွန်နဲ့အပြိုင်ကြိုးစားရာမှာ လက်လွှတ်ခဲ့ရသလို ဗန်ဒီဘိခ်အတွက်လည်း ရီးရဲလ်ထက် ခြေတစ်လှမ်းနောက်ကျနေပြီဖြစ်ကာ ခေါ်ယူနိုင်ဖို့အတွက် အခက်တွေ့နေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က