နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဦးမလား စိတ်ဝင်စားစရာပါ။
Pyae Phyo Thein

အာဆင်နယ်အသင်းတာဝန်ရှိသူတွေကလည်း ကစားသမားအနေနဲ့ အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုခဲ့ဘူးဆိုရင် ပြန်လည်ရေင်းချသွားဖို့အတွက် ဆုံးဖြတ်နိုင်ကြောင်း သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူးအော်ဘာမီယန်ကို ပေါင်သန်း၅၀ နဲ့ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကလည်း ကစားသမားအနေနဲ့ အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုခဲ့ဘူးဆိုရင် ပြန်လည်ရေင်းချသွားဖို့အတွက် ဆုံးဖြတ်နိုင်ကြောင်း သိရပါတယ်။ 

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ အော်ဘာမီယန်ဟာ အာဆင်နယ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒေါ့မွန်ကနေ အာဆင်နယ်ကို ပေါင် ၅၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ၂နှစ်ခွဲကြာကစားပေးခဲ့ပြီး ၉၆ ပွဲမှာ ၆၁ ဂိုးအထိ သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

အော်ဘာမီယန်ကိုယ်တိုင်ကလည်း ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရသလို အမှတ်ပေးဇယားမှာလည်း အဆင့် ၉နေရာသာ ရပ်တည်နိုင်တဲ့ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ကလည်း အော်ဘာမီယန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်ရာသီချန်ပီယံလိဂ်မှာ စိန်ခေါ်နိုင်ဖို့ ရည်မှန်းနေကြောင်း သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရှန်ဟိုင်းရှန်ဟွာက အငှားခေါ်ယူထားတဲ့ အီဂါလိုကို အပြီးသတ်ခေါ်ယူဖို့ မသေမချာဖြစ်နေပါတယ်။ အီဂါလိုက ခြေစွမ်းပြသနေပေမယ့် ယူနိုက်တက်ဘက်က အခုအချိန်ထိတော့ ဆုံးဖြတ်ချက်ချခြင်းမရှိသေးဘဲ ကစားသမားခြေစွမ်းကို စောင့်ကြည့်နေတဲ့ အနေအထားမှာသာ ရှိနေတာဖြစ်ပါတယ်။ 

အော်ဘာမီယန်အနေနဲ့ အာဆင်နယ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ကမ်းလှမ်းတာကို အော်ဘာမီယန်က ငြင်းဆန်မယ်ဆိုပါက ရမ်ဆေး၊ ဝီရှီးယားတို့လို အလွတ်ထွက်ခွာသွားမယ့် အဖြစ်မျိုးကို အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ထပ်မံမဖြစ်စေချင်ဘူးလို့ သိရကာ ရောင်းချသွားဖို့ လုပ်ဆေင်သွားမယ်လို့လည်း သိရပါတယ်။ 


Author


က္က