loading...

loading...

loading...

ဆိုးလ်ရှားက အနည်းဆုံးကစားသမားသစ် (၃)ဦး ခေါ်ယူသွားမှာပါ။
Pyae Phyo Thein

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရအပြောင်းအရွှေ့သတင်းများကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

- ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားရမယ်လို့ အသင်းကစားသမားဟောင်း ရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပေါ့ဂ်ဘာက ခြေစွမ်းပြကစားနေခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းလာခဲ့ကာ လက်ရှိမှာ အသင်းပြောင်းရွှေ့မယ်လု့ိ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။ ရီးရဲလ်နဲ့ ဂျူဗီတို့က ပေါ့ဂ်ဘာကို စိတ်ဝင်စားနေပြီး ဖာဒီနန်က ပေါ့ဂ်ဘာအတွက် ဆိုးလ်ရှား တစ်ခုခုပြုလုပ်ရမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

- ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပေမယ့် ဂျူဗီနည်းပြရာထူးနေရာမှာ ဆက်လက်ရှိနေဦးမယ်လို့ အယ်လီဂရီက ယုံကြည်နေပါတယ်။ ဗန်ဒီဘက် နဲ့ ဒီလစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂျူဗီဟာ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယ်လီဂရီက သူ့ရဲ့နည်းပြရာထူးနေရာအတွက် ယုံကြည်မှုအပြည့်အဝရှိနေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

- မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ အနည်းဆုံးကစားသမား (၃)ဦးအထိ ခေါ်ယူပေးဖို့အတွက် ဆိုးလ်ရှားကို ယူနိုက်တက်ဘုတ်အဖွဲ့က ကတိပေးခဲ့တယ်လို့ သိရပါတယ်။ အသင်းကို ပြန်လည်တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်နေခဲ့နေသလို အသင်းရဲ့ ကစားသမားတချို့လည်း ထွက်ခွာဖွယ်ရှိနေလို့ ဆိုးလ်ရှားအတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

- အေစီမီလန်အသင်းဟာ ဘာစီလိုနာ တိုက်စစ်ကစားသမား မယ်လ်ကွန် နဲ့ ချယ်လ်ဆီးနောက်ခံလူ အီမာဆင်တို့ကို ပစ်မှတ်ထားနေတယ်လို့ Calciomercato က ဖော်ပြသွားပါတယ်။ မယ်လ်ကွန်အတွက် ယူရိုသန်း (၅၀) နဲ့ အီမာဆင်အတွက် ယူရို (၂၅)သန်းခန့် ကုန်ကျဖွယ် ရှိနေပြီး အဆိုပါကစားသမားနှစ်ဦးကို တစ်ပြိုင်နက်တည်းခေါ်ယူဖို့ အေစီမီလန်က ကြိုးစားနေပါတယ်။


loading...

က္က