ကစားသမားဘက်ကတောင်းဆိုမှုက မြင့်မားနေတယ်လို့ သိရပါတယ်။
Pyae Phyo Thein

ဒီဘာလာကို လူကာကူနဲ့ အလဲအထပ်ပြုလုပ်ဖို့ ဂျူဗင်တပ်စ်ဘက်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားရဲ့ ဆန္ဒက အပြောင်းအရွှေ့ကို ပျက်ပြယ်စေခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးပေါ်လိုဒီဘာလာကို ခေါ်ယူဖို့အတွက် လက်လျှော့သွားပြီလို့ နားလည်ထားကြောင်း Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားကလည်း အသင်းရဲ့ အနာဂတ်စီမံကိန်းတွေအပေါ်မှာ ယုံကြည်သူကိုပဲ အလိုရှိတယ်လို့ ပြောကြားထားပြီး အသင်းအပေါ်မယုံကြည်တဲ့ကစားသမားမျိုးကို အလိုမရှိဘူးလို့ သိရပါတယ်။



ဒီဘာလာကို လူကာကူနဲ့ အလဲအထပ်ပြုလုပ်ဖို့ ဂျူဗင်တပ်စ်ဘက်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားရဲ့ ဆန္ဒက အပြောင်းအရွှေ့ကို ပျက်ပြယ်စေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ယူနိုက်တက်ဟာ လူကာကူကို အခြားအသင်းတွေဆီ ပြန်လည်ရောင်းချဖို့ကို ဆက်လက်ပြုလုပ်နေပြီး နာပိုလီ၊ အင်တာမီလန်တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်မှာ ဆိုးလ်ရှားက လူကာကူကို အသင်းက ထွက်ခွာသွားမယ်လိ့ု မျှော်လင့်ထားပြီး လူငယ်ကစားသမားမာဆွန်ဂရင်းဝုဒ်ကို တိုက်စစ်ပိုင်းမှာ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ ဒီဘာလာဘက်က တောင်းဆိုခဲ့တဲ့ အေးဂျင့်ခ နဲ့ လုပ်ခလစာဟာ ယူနိုက်တက်မျှော်လင့်ထားတာထက် ပိုမိုများပြားနေခဲ့တယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ဒီအတွက် ယူနိုက်တက်ဘက်က ဒီဘာလာကို လက်လျှော့ခဲ့တာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေ ထွက်ပေါ်ခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကတော့ လူကာကူကို အခြားနည်းလမ်းနဲ့ ခေါ်ယူနိုင်ဖို့ အားထုတ်ကြိုးပမ်းသွားမယ်လို့ သိရပြီး ဒီဘာလာနဲ့ အလဲအထပ်ပြုလုပ်မှုမှာ ဂျူဗီ နဲ့ လူကာကူတို့က လုပ်အားခအတွက် သဘောတူညီမှုရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က