WhatsApp Group အတွင်းမှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။

ဒီဘာလာအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် ပိုမိုတိုးတက်လာမယ်လို့ ရော်နယ်ဒိုက ယုံကြည်နေပြီး ချန်ပီယံတစ်ဦးဖြစ်လာဖို့အတွက် အိုးထရက်ဖို့ဒ်က နေရာမှန်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်းရော်နယ်ဒိုက ဂျူဗီအသင်းဖော်ဒီဘာလာကို ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့အတွက် ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ WhatsApp Group ထဲမှာ ရော်နယ်ဒိုက တိုက်တွန်းပြောဆိုခဲ့တာလို့လည်း သိရပါတယ်။



ဒီဘာလာအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် ပိုမိုတိုးတက်လာမယ်လို့ ရော်နယ်ဒိုက ယုံကြည်နေပြီး ချန်ပီယံတစ်ဦးဖြစ်လာဖို့အတွက် အိုးထရက်ဖို့ဒ်က နေရာမှန်ဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်ကို ရောက်ရှိပြီးနောက်မှာ အသင်းရဲ့အပြောင်းအရွှေ့တွေမှာ အကြံပေးသူတစ်ဦးအဖြစ် ရှိနေခဲ့သူလည်းဖြစ်ပါတယ်။

ဒီလစ်ကို တူရင်ဆီ ရောက်ရှိလာဖို့အတွက်လည်း ရော်နယ်ဒိုက စည်းရုံးပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒီလစ်ကတော့ သူ့အပြောင်းအရွှေ့ဟာ ရော်နယ်ဒိုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြောဆိုထားပေမယ့်လည်း ပရိသတ်အများစုကတော့ ရော်နယ်ဒိုရဲ့ စည်းရုံးမှုက အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိတယ်လို့ ယုံကြည်နေကြပါတယ်။

ဆာရီက လူကာကူကို ခေါ်ယူချင်နေပြီး ဒီဘာလာက သူ့နည်းစနစ်တွေမှာ အံဝင်မှာမဟုတ်ဘူးလို့ ယူဆနေခဲ့ပါတယ်။ ဒီအတွက် ကစားသမားချင်းအလဲအထပ်ပြုလုပ်ဖို့ စီစဉ်နေခဲ့ပြီး ဒီဘာလာကတော့ သူ့အနာဂတ်ကို အသင်းနဲ့ ဆွေးနွေးသွားဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာ ဒီဘာလာက တူရင်ကို ရောက်ရှိနေပြီး မကြာခင်မှာ ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

ဒီဘာလာအနေနဲ့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အသင့်ဖြစ်နေတယ်လို့လည်း နားလည်ထားကြောင်း Daily Mail ကရေးသားဖော်ပြခဲ့ပြီး ရော်နယ်ဒိုရဲ့ တိုက်တွန်းမှုကလည်း ဒီဘာလာကို အိုးထရက်ဖို့ဒ်ဆီ ရောက်ရှိစေဖို့ ပိုမိုနီးစပ်လာစေခဲ့ပါတယ်။ ဒီဘာလာဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က