ယူရိုသန်း ၁၀၀ အထိ အလိုရှိတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport ရဲ့ ဖော်ပြချက်အရ ဒီဘာလာဟာ တစ်နှစ်လုပ်ခ ယူရို ၁၅သန်းတန်ကြေးရှိတဲ့ စာချုပ်သစ်ကို အလိုရှိနေတယ်လို့ သိရပါတယ်။ 


စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူးဒီဘာလာကို ရောင်းချသွားဖို့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport ရဲ့ ဖော်ပြချက်အရ ဒီဘာလာဟာ တစ်နှစ်လုပ်ခ ယူရို ၁၅သန်းတန်ကြေးရှိတဲ့ စာချုပ်သစ်ကို အလိုရှိနေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း ဂျူဗီကတော့ အဆိုပါပမာဏကို ပေးချေဖို့အတွက် ဆန္ဒမရှိဖြစ်နေပြီး စိတ်ဝင်စားဖွယ်ဆုကြေးငွေပါဝင်တဲ့ အချက်တွေနဲ့သာ စာချုပ်သစ်ကို ချုပ်ဆိုချင်တယ်လို့ သိရပါတယ်။ ဒီဘာလာနဲ့ ဂျူဗီတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂ နှစ်ကျန်ရှိနေသေးပြီး စာချုပ်သစ်ဆွေးနွေးမှုက ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ 

အခုအခါမှာ Tuttosport က ဖော်ပြခဲ့တာဖြစ်ပြီး ဂျူဗီက ဒီဘာလာကိုရောင်းချကာ ယူရိုသန်း ၁၀၀ အထိ ငွေသားအလိုရှိနေတယ်လို့ သိရပါတယ်။ နောက်ထပ်ဖြစ်လာနိုင်ဖွယ်ရာအချက်အဖြစ် ဂါဘရီဂျီးဆပ်ကို ဒီဘာလာရဲ့ အပြောင်းအရွှေ့မှာ ပါဝင်လာစေဖို့ ဂျူဗီဘက်က ဆန္ဒရှိတယ်လို့လည်း သိရပြီး မန်စီးတီးဘက်က အဆိုပါအနေအထားကို စိတ်ဝင်စားဖွယ်ရှိနေပါတယ်။ 


မန်စီးတီးရော၊ ရီးရဲလ်မက်ဒရစ်ကပါ ဒီဘာလာအတွက် ယူရိုသန်း ၁၀၀ ပေးချေဖို့ ဆန္ဒမရှိဖြစ်နေတယ်လို ့သိရပါတယ်။ ဒါကြောင့် ဂျူဗီဘက်က တစ်ဆင့်လျှော့ပေးတဲ့အနေနဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို လက်ခံဖွယ်ရှီနေပြီး အဆိုပါအသင်းနှစ်သင်းစလုံးမှာ သူတို့စိတ်ဝင်စားနေတဲ့ ကစားသမားတွေအများအပြားရှိနေတယ်လို့ သိရပါတယ်။ 


Author


က္က