အေးဂျင့်နဲ့ စကားပြောထားပြီလို့လည်း သိရပါတယ်။

ဒီလိုက်ကတော့ မနှစ်က အေဂျက်အသင်းနဲ့အတူ ပြည်တွင်းဆုဖလား ၂ ဆုအပါအဝင် ဥရောပ ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အေဂျက်အသင်းက နယ်သာလန်နောက်ခံလူ ဒီလိုက်ကို ယူရို သန်း ၇၀ ဝန်းကျင်ပေးပြီး ခေါ်ယူဖို့ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်း ပြင်ဆင်နေပြီလို့ Goal.comကဖော်ပြလာပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ဒီလိုက်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ပြောင်းရွှေ့ကြေးကိုလည်း မြင့်မားစွာ ပေးချေဖို့အဆင်သင့်ဖြစ်နေတာပါ။

အခုလို ဒီလိုက်ကို ခေါ်ယူချင်တာကတော့ဒီလိုက်အနေနဲ့ မနှစ်က အေဂျက်အသင်းနဲ့အတူ ပြည်တွင်း ဆုဖလား ၂ လုံးအပါအဝင် ဥရောပ ချန်ပီယံလိဂ်မှာလည်း အေဂျက်အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းနည်းတူ ဒီလိုက်ကို မန်ချက်စတာ စီးတီး၊ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ကလည်း မျက်စိကျနေ တာကြောင့် ဂျူဗင်တပ်အတွက် အနည်းငယ် အခက်တွေ့ဖွယ်ရှိနေပါတယ်။

ဒီလိုက်ရဲ့ အေးဂျင့်က ရွိုင်အိုလာဖြစ်ပြီး ထွက်ပေါ်လာတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ဂျူဗင်တပ်အ သင်းဟာ ရွိုင်အိုလာနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ထားနှင့်ပြီလိုု့လည်း သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ စီးရီးအေ အမှတ်ပေးဖလားကို ၈ နှစ်ဆက် ရယူထားသလို အသင်းမှာလည်း ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုကို ပိုင်ဆိုင်ထားပြီး ဒီနှစ်မှာ ကွင်းလယ်ကြယ်ပွင့်ရမ်ဆေးကိုလည်း ထပ်မံခေါ်ယူထားနိုင်တာတွေက ဒီလိုုက်ကို အဓိက ဆွဲဆောင်နိုင်စေမယ်လို့လည်း သတင်းတွေက သုံးသပ်နေ ပါတယ်။



က္က