ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို စတင်နေပြီလို့ သိရပါတယ်။

အလုပ်များခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့နေ့ရက်ကို ရီးရဲလ်က မရပ်တန့်သေးပဲ ဗဟိုခံစစ်မှူးအတွက် ကြိုးပမ်းမှုပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့ကာလမှာ ခြေလှမ်းသွက်ခဲ့ပြီး ကစားသမား (၅)ဦးအထိ ခေါ်ယူထားပြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲက အလှုပ်ခတ်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ အေဂျက်ဇ်နောက်ခံလူ ဒီလစ်ကို ရယူဖို့ ကြိုးစားပွဲမှာ ပါဝင်လာခဲ့ပြီလို့ RMC Sport ရဲ့ ဖော်ပြချက် သိရှိပြီး ထိပ်သီးအသင်း (၄)သင်းဟာ ဒတ်ချ်နောက်ခံလူအတွက် ပြိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။

ကစားသမားရဲ့ ရည်ရွယ်ချက်ကို သိရှိရဖို့ ရီးရဲလ်မက်ဒရစ်ဘက်က သတင်းစုဆောင်းမှုတွေ ပြုလုပ်နေပြီး ဒီလစ်အတွက် တိုက်ပွဲဝင်တော့မှာ ဖြစ်ပါတယ်။ အလုပ်များခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့နေ့ရက်ကို ရီးရဲလ်က မရပ်တန့်သေးပဲ ဗဟိုခံစစ်မှူးအတွက် ကြိုးပမ်းမှုပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ဟာဇက်၊ မန်ဒီ၊ လူကာဂျိုဗစ်၊ ဖာလန်းမန်ဒီ နဲ့ ရိုဒရိုင်ဂီုတို့ကို ခေါ်ယူထားခဲ့ပြီးပေမယ့် ရီးရဲလ်က အသင်းလူစာရင်းကို အင်အားထပ်မံဖြည့်တင်းဦးမှာ ဖြစ်ပါတယ်။

ဘာနေဗျူးအသင်းမှာ ဆာဂျီယိုရာမို့စ်၊ ဗာရာနီ၊ နာချို၊ ဗယ်လီဂျို နဲ့ အသစ်ခေါ်ယူထားတဲ့ မီလီတာအိုတို့လို ဗဟိုခံစစ်မှူးတွေ ရှိနေပေမယ့် ဇီဒန်းက ဒီလစ်ကို ခေါ်ယူချင်နေဆဲဖြစ်တယ်လို့လည်း RMC Sport က ရေးသားဖော်ပြခဲ့ပါတယ်။ အသက် (၁၉)နှစ်အရွယ် နောက်ခံလူရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ဇီဒန်းက သဘောကျနှစ်ခြိုက်နေပြီး သူ့ရဲ့ ဂလက်တီကိုကြယ်စင်စုစီမံကိန်းအသစ်မှာ ထည့်သွင်းချင်နေတာဖြစ်ပါတယ်။

အေဂျက်ဇ်လူငယ်အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ ဒီလစ်ဟာ စီနီယာအသင်းကြီးအတွက် ပြိုင်ပွဲစုံ ၁၁၇ ပွဲ ကစားပေးထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အေဂျက်ဇ်ကို (၁၇)နှစ်အတွင်း ပြည်တွင်းဖလားနှစ်လုံး တစ်ပြိုင်နက်တည်းဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိ၈်မှာလည်း အားလုံးက အသိအမှတ်ပြုခဲ့ရတဲ့ ခြေစွမ်းတွေနဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်စေခဲ့ပါတယ်။

အလွတ်တည်ကန်ဘော၊ ထောင့်ကန်ဘောတွေကနေ ခေါင်းတိုက်ဂိုးသွင်းယူရာမှာ ထူးချွန်တဲ့ ဒီလစ်ကို ရာမို့စ်နေရာအတွက် ဇီဒန်းက ကာလရှည်အသုံးပြုဖို့ စဉ်းစားနေဖွယ်ရှိပါတယ်။ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့ ဒီလစ်ကို ရီးရဲလ်ကပါ ခေါ်ယူနိုင်ဖို့ ကြိုးစားလာခဲ့ပြီးနောက် ဒီလစ်ရဲ့ အနာဂတ်က ဘယ်မှာရှိမလဲဆိုတာ ပိုမို စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပါတယ်။



က္က