မကြာခင်စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။

ဒီလစ်အတွက် ယူရိုသန်း (၇၀)အထိ ဂျူဗင်တပ်စ်က ပေးချေသွားရမယ်လို့ သိရပြီး ကစားသမားဟာ တစ်နှစ်လုပ်ခ ယူရို (၁၅)သန်း နဲ့ ယူရိုသန်း (၂၀)ကြား ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။


ဟော်လန်နာမည်ကြီးသတင်းစာ Telegraaf ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်ဇ်နောက်ခံလူ ဒီလစ်ကို မကြာခင်မှာ ခေါ်ယူနိုင်တော့မယ်လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဒီလစ်အတွက် ယူရိုသန်း (၇၀)အထိ ဂျူဗင်တပ်စ်က ပေးချေသွားရမယ်လို့ သိရပြီး ကစားသမားဟာ တစ်နှစ်လုပ်ခ ယူရို (၁၅)သန်း နဲ့ ယူရိုသန်း (၂၀)ကြား ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ (၈)နှစ်ဆက်တိုက်မှာ အီတလီစီးရီးအေဖလားကို ရယူနိုင်ခဲ့ပေမယ့် ဥရောပအောင်မြင်မှု မရရှိခဲ့တဲ့ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ အဓိကမျှော်လင့်နေပြီး အသင်းကို အပြောင်းအလဲတွေ ပြုလုပ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုကို ယူရိုသန်း (၁၀၀) နဲ့ ခေါ်ယူထားခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

လာမယ့်ရာသီသစ်မှာ နည်းပြသစ်အဖြစ် ချယ်လ်ဆီးနည်းပြဟောင်း ဆာရီကို ခန့်အပ်ထားခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကိုပါ ခေါ်ယူဖို့ ဆက်သွယ်ချိတ်ဆက်နေပြီး အခုအခါမှာ ဒီလစ်ကို ရယူနိုင်ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလစ်ကို ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေးရှင်းလိဂ်ဖလား ဗိုလ်လုပွဲမှာ ပေါ်တူဂီ နဲ့ နယ်သာလန်တို့ ရင်ဆိုင်ခဲ့ရပြီး ပွဲအပြီးမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ဒီလစ်ကို ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒီအကြောင်းကို ဒီလစ်က ပြန်လည်ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂျူဗင်တပ်စ်ကလည်း အမှန်တကယ်စိတ်ဝင်စားမှု ရှိနေခဲ့ပါတယ်။

အေဂျက်ဇ်အသင်းရဲ့ အရည်အသွေးမြင့်နောက်ခံလူက သူ့ရဲ့အနာဂတ်ကို အားလပ်ရက်တွေအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ ဆိုသွားခဲ့ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူ့အနာဂတ်ကို အတိအကျသိရတော့မှာလည်း ဖြစ်ပါတယ်။ ဒီလစ်ရဲ့ အေးဂျင့်အဖြစ် ရွိုင်အိုလာက တာဝန်ယူထားပြီး ဂျူဗီနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က