ဒီပေးနဲ့ ကိုးလ်မန်းနဲ့က ဆရာတပည့်တွေဖြစ်ပါတယ်။

ဒီပေးနဲ့ ကိုးလ်မန်းနဲ့က နယ်သာလန်အသင်းမှာ ဆရာ တပည့်တွေ ဖြစ်ခဲ့ကြပြီး ကိုးလ်မန်းက ဒီပေးရဲ့ ခြေစွမ်းကို သဘောကျခဲ့သူပါ။

ဘာစီလိုနာအသင်းဟာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မက်ဖစ်ဒီပေးကို ပေါင် ၂၈သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီ မှု ရရှိခဲ့ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



နည်းပြသစ် ကိုးလ်မန်းက ဒီပေးရဲ့ ခြေစွမ်းကို နယ်သာလန်အသင်းမှာ တာဝန်ယူစဥ်ကတည်းက စိတ်ဝင်စားနေခဲ့ သူလည်း ဖြစ်တာကြောင့် သူ့တပည့်ဟောင်းကို ဘာစီလိုနာအသင်းထံ ခေါ်ယူဖို့ ကြိုးပမ်းလာတာပါ။

ဒါကြောင့် ဒီပေးအနေနဲ့ လာမယ့် ရက်အနည်းငယ်အတွင်း ဘာစီလိုနာကို လာရောက်ပြီး အသင်းနဲ့ ဆေးစစ်မှု ခံယူ မှုတွေ ပြုလုပ်တော့မယ်လို့လည်း သိရပါတယ်။

ဆေးစစ်မှု အစောဆုံး ပြုလုပ်နိုင်ဖို့ ရှိနေတာကြောင့်လည်း စက်တင်ဘာ ၂၇ရက်မှ စတင်ကစားရမယ့် လာလီဂါ အဖွင့်ပွဲစဥ်ဖြစ်တဲ့ ဗီလာရီးရဲနဲ့ပွဲကို ဒီပေး စတင်ပါဝင်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။

ဒီပေးကတော့ ၂၀၁၇ခုနှစ်က လိုင်ယွန်အသင်းကို ယူနိုက်တက်အသင်းထံကနေ ပေါင် ၁၇သန်းနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပြီး ရောင်းချခဲ့စဥ်က ပြန်လည်ဝယ်ယူနိုင်ခွင့်စာချုပ်ကို ထည့်သွင်းချုပ်ဆိုထားခဲ့သူလို့လည်းသိရပါတယ်။

လိုင်ယွန်မှာတော့ ပွဲပေါင်း ၁၄၀ကစားအပြီး ဂိုးပေါင်း ၅၇ဂိုးအထိ သွင်းယူထားနိုင်သလို ပြီးခဲ့တဲ့ ဒီဂျွန်အသင်းနဲ့ ရာသီ အဖွင့်ပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က