သူနဲ့လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေဖြစ်ပါတယ်။
Pyae Phyo Thein

ကိန်းကို ပီကေးနေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ်ထားပြိး ဒီပိုင်းနဲ့ ဗန်ဒီဘိခ်တို့ကိုတော့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာ သွေးသစ်လောင်းဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဖြစ်လာခဲ့တဲ့ ရော်နယ်ကိုးမန်းဟာ အသင်းအတွက် ကစားသမားသစ်တွေခေါ်ယူပေးဖို့ တောင်းဆိုခဲ့ရာမှာ ဟော်လန်ကြယ်ပွင့်တွေနဲ့ အသင်းဟောင်းအဲဗာတန်ကကစားသမားတစ်ဦးပါဝင်ခဲ့တယ်လို့သိရပါတယ်။ နယ်သာလန်နည်းပြအဖြစ်နဲ့ ကိုးမန်းက တာဝန်ယူခဲ့ပြီး သူ့လက်အောက်မှာကစားခဲ့တဲ့သူတွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကိုးမန်းဟာ နယ်သာလန်လက်ရွေးစင်တွေဖြစ်တဲ့ ဗန်ဒီဘိခ် နဲ့ ဒီပိုင်း၊ အဲဗာတန်နောက်ခံလူမိုက်ကယ်ကိန်းတို့ကို တောင်းဆိုခဲ့တာပါ။ Daily Mail ရဲ့ ဖော်ပြချက်အရ ကိန်းကို ပီကေးနေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ်ထားပြိး ဒီပိုင်းနဲ့ ဗန်ဒီဘိခ်တို့ကိုတော့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာ သွေးသစ်လောင်းဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

မူလထွက်ပေါ်ခဲ့တဲ့သတင်းများအရ ကိုးမန်းနဲ့အတူ ဗန်ဒီဘိခ်က တစ်ပါတည်းပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့ပြီး အခုထွက်ပေါ်လာတဲ့သတင်းတွေကြောင့် ဗန်ဒီဘိခ်ရဲ့အပြောင်းအရွှေ့က သေချာလုနီးပါးဖြစ်လာခဲ့ပါတယ်။ ဒီပိုင်းကလည်း လိုင်ယွန်ကထွက်ခွာမယ်လို့ သတင်းကြီးနေသူဖြစ်ပြီး ဘာစီလိုနာကသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိုပါက နူးကမ့်ကိုရောက်ရှိနိုင်ချေမြင့်မားနေပါတယ်။ 

မိုက်ကယ်ကိန်းကိုတော့ ဘန်လေကနေ အဲဗာတန်ကို ပေါင် ၂၅သန်းနဲ့ ကိုးမန်းက ၂၀၁၇ အဲဗာတန်နည်းပြဘဝက ခေါ်ယူထားခဲ့ပါတယ်။ သူ့စိတ်ကြိုက်အဖြစ်ဆုံးခံစစ်သမားဖြစ်ပြီး ဘာစီလိုနာနည်းပြဖြစ်လာချိန်မှာ နောက်တစ်ကြိမ်လက်တွဲဖို့အတွက် ကိုးမန်းက ကြိုးစားလာခဲ့ပြီဖြစ်ပါတယ်။ 

ဘာစီလိုနာကိုတော့ လာမယ့်ရာသီမှာ အပြောင်းအလဲအများကြီးနဲ့ မြင်တွေ့ရဖို့ရှိနေပြီး အသင်းရဲ့ ၀ါရင့်ကစားသမားအများစုလည်း နူကမ့်ကနေ ထွက်ခွာရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က