နည်းပြအန်ဆယ်လော့တီက စိတ်ဝင်စားနေတာပါ။
Pyae Phyo Thein

ဒီပိုင်းကတော့ ယူနိုက်တက်မှာ အောင်မြင်မှုမရခဲ့ပေမယ့်လည်း ပြင်သစ်မြေမှာတော့ ခြေစွမ်းပြနေခဲ့ပြီး လိုင်ယွန်အတွက် ဒီရာသီမှာ လီဂူး ၁၃ ပွဲသာကစားခဲ့ရပေမယ့် ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။


အီတလီသတင်းစာ Calciomercato ရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ လိုင်ယွန်ကစားသမားဒီပိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဟာ လိုင်ယွန်နဲ့ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အဲဗာတန်နဲ့ အေစီတို့က စိတ်ဝင်စားမှုရှိလာတာဖြစ်ပါတယ်။ 

လက်ရှိချုပ်ဆိုထားတဲ့စာချုပ်အရ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့အချိန်မှာ ဒီပိုင်းရဲ့တန်ဖိုးက ယူရိုသန်း ၃ဝသာ ရှိတော့တယ်လို့ သိရပြီး ဒီပမာဏဟာ အဲဗာတန်အတွက်တော့ စိတ်ဝင်စားစရာလည်းဖြစ်နေခဲ့ပါတယ်။ ဒီပိုင်းကိုယ်တိုင်ကလည်း လိုင်ယွန်ကနေထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပြိး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဒီပိုင်းကတော့ ယူနိုက်တက်မှာ အောင်မြင်မှုမရခဲ့ပေမယ့်လည်း ပြင်သစ်မြေမှာတော့ ခြေစွမ်းပြနေခဲ့ပြီး လိုင်ယွန်အတွက် ဒီရာသီမှာ လီဂူး ၁၃ ပွဲသာကစားခဲ့ရပေမယ့် ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့မှတ်တမ်းအချက်အလက်တွေက အဲဗာတန်ရဲ့ လက်ရှိတိုက်စစ်မှူးရစ်ချာလီဆင်ထက်လည်း ပိုမိုကောင်းမွန်နေခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဗာတန်မှာ ရစ်ချာလီဆင်နဲ့ ကယ်လ်ဗတ်လီဝင်တို့က ခြေစွမ်းပြနေပြီး အသင်းရဲ့ ဂိုးအများစုကို သွင်းယူပေးထားခဲ့ကြပါတယ်။ အန်ဆယ်လော့တီကတော့ အသင်းတိုက်စစ်ပိုင်း ပိုမိုအားကောင်းလာစေဖို့ ဒီပိုင်းနဲ့ ဖြည့်တင်းချင်နေပြီး လာမယ့်ရာသီအတွက် ဥရောပဝင်ခွင့်တစ်နေရာစာရရှိခဲ့မယ်ဆိုပါက ဒီပိုင်းကို ပေါင်းစပ်ခြင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။ 


Author


က္က