လက်ရှိမှာလည်း ၃ဦးအထိ ခေါ်ယူထားပြီးဖြစ်ပါတယ်။
Pyae Phyo Thein

ဇီယက်၊ တီမိုဗာနာ နဲ့ ချီဝဲလ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အခြားကစားသမား ၃ဦးကို ထပ်မံခေါ်ယူနိုင်မှာဖြစ်ကာ စုစုပေါင်း ၆ ဦးအထိ လမ်းပတ်က အသင်းအတွက် အင်အားဖြည့်တင်းနိုင်မှာလည်းဖြစ်ပါတယ်။ 


ချယ်လ်ဆီးအသင်းဟာ နိုက်စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး လမ်းခွဲခဲ့တဲ့ နောက်ခံလူမာလန်းဆားကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ပီအက်စ်ဂျီနောက်ခံလူ သီယာဂိုဆေးလ်ဗားကိုလည်း အလွတ်ခေါ်ယူနိုင်တော့မယ့် ချယ်လ်ဆီးဟာ မနေ့ကလည်း ဘင်ချီဝဲလ်ကို ခေါ်ယူထားခဲ့ပြီး ကိုင်ဟာဗက်ဇ်ကိုပါ ထပ်မံကြိုးစားနေပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ ကစားသမားလေးဦးအထိကို ခေါ်ယူနိုင်ဖွယ်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၁နှစ်အရွယ် မာလန်းဆားဟာ ချယ်လ်ဆီးနဲ့ အပြီးသတ်ညှိနှိုင်းမှုတွေကို ပြုလုပ်နေပြီး အာဆင်နယ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားမှုတွေ ပြသခဲ့ပေမယ့် ကစားသမားကတော့ ချယ်လ်ဆိးကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ 

ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး Telefoot သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် စာချုပ်ချုပ်ဆိုပြီးပါက ချယ်လ်ဆီးက ဥရောပထိပ်တန်းလိဂ် ၅ ခုက အသင်းတစ်သင်းသင်းကို အငှားချထားမယ်လို့ သိရပါတယ်။ သီယာဂိုဆေးလ်ဗားကလည်း ပီအကစ်ဂျီက ထွက်ခွာခဲ့ပြီဖြစ်ပြီး လာမယ့်ရက်အတွင်း စာချုပ်ချုပ်ဆိုပြီး ချယ်လ်ဆီးအသင်းသားဖြစ်လာတော့မှာလို့ ဆိုပါတယ်။ 

ချယ်လ်ဆီးအနေနဲ့ ကိုင်ဟာဗက်ဇ်အတွက်လည်း ဆက်လက်ကြိုးပမ်းနေပြီး အပြီးသတ်သဘောတူညီမှုရရှိဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်ပါတယ်။ ဇီယက်၊ တီမိုဗာနာ နဲ့ ချီဝဲလ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အခြားကစားသမား ၃ဦးကို ထပ်မံခေါ်ယူနိုင်မှာဖြစ်ကာ စုစုပေါင်း ၆ ဦးအထိ လမ်းပတ်က အသင်းအတွက် အင်အားဖြည့်တင်းနိုင်မှာလည်းဖြစ်ပါတယ်။ 


Author


က္က