ဒိုင်ဘာလာဟာ မနှစ်ကတည်းက အသင်းက ထွက်ခွာမယ်လို့သတင်းထွက်ခဲ့သူပါ။

ဒိုင်ဘာလာအနေနဲ့ မနှစ်က နွေရာသီတုန်းကလည်း အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့သေးသလို ယူနိုက်တက် အသင်းကလည်းစိတ်ဝင်စားခဲ့ပါသေးတယ်။

အီတလီသတင်းဌာန တစ်ခုဖြစ်တဲ့ SportMediaset ရဲ့ ဖော်ပြချက်အရ ရီးရဲအသင်းက ဂျူဗင်တပ် ကွင်းလယ် တိုက်စစ်ကစားသမား ဒိုင်ဘာလာအတွက် အသင်းမှာရှိတဲ့ အစ္စကိုနဲ့ တိုနီခရူးစ် နှစ်ဦးကို အလိုက်ပေး ကမ်းလှမ်း ဖို့ရှိတယ်လို့ သိရပါတယ်။



ဒိုင်ဘာလာရဲ့ ကာလတန်ဖိုးက ယူရိုသန်း ၁၀၀(ပေါင်သန်း၉၀)ရှိတယ်လို့ သိရတဲ့အတွက် ရီးရဲအသင်းအနေနဲ့ လည်း ပေးချေရတဲ့ စျေးလျော့နည်းအောင် ကစားသမား အလိုက်ပေးဖို့ လုပ်ဆောင်လာတာလို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျူဗင်တပ်အသင်းရဲ့ အဓိက နာမည်ကျော်ကစားသမား ရော်နယ်ဒို အသင်းက ပြောင်းတော့ မယ်ဆိုတဲ့ သတင်းကလည်း ထွက်ပေါ်လာနေပြီး ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့က အခြားသော အပြောင်းအရွှေ့ အားလုံးအပေါ် သက်ရောက်လွှမ်းမိုးထားတယ်လို့လည်း ဆိုပါတယ်။

ရီးရဲလိုချင်နေတဲ့ အသက် ၂၆နှစ်အရွယ် ဒိုင်ဘာလာက လက်ရှိ ဂျူဗင်တပ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ သိရပြီး အသင်းအတွက် ၁၁ဂိုးသွင်းကာ ၆ဂိုးဖန်တီးပေးထားနိုင်သူပါ။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့သေးပြီး မန်ချက်စတာယူနိုက် တက်အသင်းကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။

ရီးရဲအသင်းကတော့ ဒီနှစ်မှာ ဂျူဗင်တပ်နည်းတူ အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ပြိုင် ဘက်အသီးသီးကို အရေးနိမ့်ကာ ၁၆သင်းအဆင့်ကနေ ၂သင်းစလုံး လှည့်ပြန်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က