ကစားသမားဘက်က ပြောင်းရွှေ့ချင်နေပြီဖြစ်ပါတယ်။
Pyae Phyo Thein

ဒီရာသီမှာ လိုင်ယွန်အတွက် ၄၂ ပွဲအထိ ကစားပေးခဲ့ပြီး ၂၂ဂိုးသွင်းယူကာ ၇ ကြိမ်ဖန်တီးပေးထားခဲ့တဲ့ ဒမ်ဘီလီကို အာဆင်နယ်၊ ချယ်လ်ဆိးတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။


လိုင်ယွန်အသင်းတိုက်စစ်မှူးဒမ်ဘီလီဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်ဘက်ကကမ်းလှမ်းခဲ့မယ်ဆိုရင် ငြင်းပယ်နိုင်ဖို့အတွက် ခက်ခဲလိမ့်မယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်ကလပ်ရဲ့ စိတ်ဝင်စားမှုကို သူ့ရဲ့အထင်ကြီးဖွယ်ခြေစွမ်းတွေနဲ့ ပြသနို်င်ခဲ့တယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။ 

ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ စီစဉ်နေပြီး လက်ရှိမှာအငှားခေါ်ယူထားတဲ့ အီဂါလိုကိုပဲ အပြီးသတ်ခေါ်ယူမလား၊ ဒါမှမဟုတ် အခြားသောတိုက်စစ်မှူးတွေကို ခေါ်ယူရမလား ရွေးချယ်နေပြီး သူပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးတွေထဲမှာ ဒမ်ဘီလီကလည်း တစ်ဦးအပါအဝင်အဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။ 

ကစားသမားနဲ့ ရင်းနှီးသူတစ်ဦးကတော့ ယူနိုက်တက်ဘက်က တစ်စုံတစ်ရာကမ်းလှမ်းထားခြင်းမရှိသေးဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒမ်ဘီလီရဲ့ လိုင်ယွန်အသင်းဟာ လီဂူးပွဲစဉ်တွေကို ဖျက်သိမ်းခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးခဲ့လို့ ကစားသမားက ထွက်ခွာချင်နေတာဖြစ်ပြီး ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်သေးတဲ့ အခွင့်အရေးရှိနေပါသေးတယ်။


ဒီရာသီမှာ လိုင်ယွန်အတွက် ၄၂ ပွဲအထိ ကစားပေးခဲ့ပြီး ၂၂ဂိုးသွင်းယူကာ ၇ ကြိမ်ဖန်တီးပေးထားခဲ့တဲ့ ဒမ်ဘီလီကို အာဆင်နယ်၊ ချယ်လ်ဆိးတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ အသက် ၂၃နှစ်အရွယ် ကစားသမားဟာ လိုင်ယွန်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီးတော့ လိုင်ယွန်က သူတို့ကစားသမားအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ 

ဆိုးလ်ရှားကတော့ ယူနိုက်တက်မှာ လူငယ်ကစားသမားတွေနဲ့ အသင်းကိုတည်ဆောက်ဖို့ အားထုတ်နေတာဖြစ်ပြီး အသက် ၂၃နှစ်အရွယ် ဒမ်ဘီလီက သူ့ရဲ့စီမံကိန်းနဲ့ပတ်သက်ပြီး ပိုမိုသင့်တော်တဲ့ကစားသမားအဖြစ်ရှိနေပါတယ်။ ဒမ်ဘီလီဟာ ဖူလ်ဟမ်၊ ဆဲလ်တစ်တို့မှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ဆဲလ်တစ်မှာတော့ တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က