နောက်ထပ်တစ်ရာသီအငှားထပ်ခေါ်ဖို့ ကမ်းလှမ်းမှုအသစ် ထပ်မံ ပြုလုပ်ခဲ့တာပါ။
Kyaw Ko Ko Sint

စီဘယ်လော့စ်အတွက် အာဆင်နယ်အသင်းက ဒီနှစ်မှာ လစာငွေ အပြည့်ပေးချေခဲ့ပေမယ့်လည်း လာမယ့်နှစ်မှာ တော့ ရီးရဲက တစ်ဝက်ပေးချေရမယ်လို့ ကမ်းလှမ်းမှုအသစ်မှာပါရှိလာတာပါ။

အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ စီဘယ်လော့စ်ကို နောက်ထပ် ရာသီသစ်အတွက် အပြီးသတ်ခေါ်ယူနိုင်ရေး အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ကမ်းလှမ်းထားမှုကို ရီးရဲအသင်းက ပယ်ချလိုက်တယ်လို့ သိရပါတယ်။



စီဘယ်လော့စ်ကတော့ အာဆင်နယ်အသင်းမှာ ဆွစ်ဇာလန် ကွင်းလယ်အတွဲ ဇာခါနဲ့အတူ အတွဲဖက် ညီညီ ကစား နိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ချန်ပီယံဆုကို ရာသီအကုန်မှာ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Onda Cero သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းနဲ့ ရီးရဲအသင်းတို့ဟာ စီဘယ်လော့စ်အတွက် ပြီးခဲ့တဲ့အပတ်ကပဲ စကားပြောခဲ့ကြပြီး အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရီးရဲအသင်းကလက်မခံခဲ့ဘူးလို့ သိရပါတယ်။

အာဆင်နယ်အသင်းက စီဘယ်လော့စ်အတွက် အငှားစရိတ်အဖြစ် နောက်ထပ် ယူရို ၄သန်းထပ်ပေးကာ လစာ တစ်ဝက်ကိုတော့ ရီးရဲက ပေးချေရမယ်ဆိုတဲ့အပေါ် ရီးရဲက လက်မခံခဲ့တာပါ။

ဒီနှစ်အငှားရာသီမှာတော့ အာဆင်နယ်အသင်းက စီဘယ်လော့စ်အတွက် လစာငွေကို အပြည့်ပေးချေခဲ့တာ ဖြစ်ပါ တယ်။

လက်ရှိ သဘောတူညီမှု မရသေးသည့်တိုင် စီဘယ်လော့စ်က ရီးရဲနည်းပြ ဇီဒန်းရဲ့ ဦးစားပေး မခံရတာကြောင့် နောက်ထပ် သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရရတော့ ရီးရဲအသင်းက အာဆင်နယ်အသင်းထံ ဆက်လက် အငှားချပေး ဖို့ ရှိနေနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း Onda Cero သတင်းဌာနက သုံးသပ်ဖော်ပြထားပါသေးတယ်။

ဒါပေမယ့်လည်း အင်္ဂါနေ့က စပိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအရ စီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းနဲ့ အတူ ပြီးခဲ့တဲ့ ရာသီစွမ်းဆောင်ခဲ့တဲ့ ခြေစွမ်းအရ ရာသီကြို အသင်းရဲ့ ပွဲစဥ်တွေမှာ ပြန်လည်ခေါ်ယူအသုံးပြုပြီး နည်းပြဇီဒန်းရဲ့ စိတ်ကြိုက်ဖြစ်ဖို့ အခွင့်အရေး ပြန်လည်ပေးဖွယ်ရှိနေတယ်လို့ သိရပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က