ကစားသမားသစ်ခေါ်ယူဖို့ဘတ်ဂျတ်မရှိတာကြောင့် အငှားနဲ့ခေါ်ယူနိုင်ဖို့ကြိုးပမ်းနေပါတယ်။

အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ စပိန်လူငယ်ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် တနင်္လာနေ့မှာ ဆွေးနွေးတော့မယ်လို့ Gazzetta dello Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

 အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘာစီလိုနာအသင်းရဲ့စပိန်လူငယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အရခေါ်ယူဖို့အတွက် ကြိုးပမ်းနေပါတယ်။ အသက် ၂၅နှစ်အရွယ် ကစားသမားဟာ မန်စီးတီးအသင်းကနေ ဆီဗီလာသင်းဆီကိုအငှားလာရောက်ကစားခဲ့စဉ်က နည်းပြ အူနိုင်းအမ်မရီနဲ့ လက်တွဲခဲ့ဖူးပြီး လက်ရှိအချိန်မှ ာအာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။



ဘာစီလိုနာအသင်းဟာ ဒင်းနစ်ဆွာရက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၀သန်း သတ်မှတ်ထားပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ်ခေါ်ယူဖို့ ဘတ်ဂျတ်မရှိတာကြောင့် အငှားနဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဆွာရက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို တွေ့ဆုံဆွေးနွေးမှုလုပ်တော့မယ်လို့ Gazzetta dello Sport ရဲ့သတင်းထောက် နီကိုလိုက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ ဒင်းနစ်ဆွာရက်ဇ်ကို လက်ရှိအပြောင်းအရွှေ့ကာလအတွင်းမှာ အငှားစာချုပ်နဲ့ခေါ်ယူပြီးရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမယ်လို့လည်း သိရပါတယ်။ ဒင်းနစ်ဆွာရက်ဇ်ဟာ ဒီရာသီ ဘာစီလိုနာအသင်းအတွက် ၁၇ မိနစ်သာ ကစားခွင့်ရထားလို့ အသင်းပြောင်းဖို့ ဆန္ဒပြင်းပြနေတာပါ။ အူနိုင်းအမ်မရီကတော့ ဂျုဗင်တပ်ကိုပြောင်းရွှေ့တော့မယ့် ကွင်းလယ်ကစားသမား ရမ်ဆေးနေရာမှာအစားထိုးဖို့အတွက် ဆွာရက်ဇ်ကို အလိုရှိနေတာပါ။

Share

Loading Next Article...
က္က