ခံစားခွင့်အသစ်တွေနဲ့ စာချုပ်သစ်ကမ်းလှမ်းမယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

နှစ်ဦးစလုံးက အက်ဖ်အေနဲ့ကွန်မြူနတီဒိုင်းဗိုလ်လုပွဲတွေမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင် ခဲ့တာကြောင့် နည်းပြက ဆက်လက်ထိန်းဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက မူလ ရောင်းချဖို့ စီစဥ်ထားတဲ့ နောက်ခံလူ မစ်လန်နိုင်းစ်နဲ့ဂိုးသမား မာတီနက်ဇ်တို့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိသွားပြီလို့ Mirror သတင်းဌာနက ဖော်ပြလာပါ တယ်။

အာဆင်နယ် အကယ်ဒမီထွက် အဆိုပါ ညာနောက်ခံလူဟာ အသင်းနဲ့အတူ ၃နှစ်သက်တမ်း စာချုပ်ကျန်နေသေး သလို ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာလည်း ခြေစွမ်းပြကစားခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူ ပါ။

ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဆုံး ခေါ်ယူခြင်းကိုလည်း ခံခဲ့ရပြီး ယခုဆိုရင် အာဆင်နယ်အသင်း က အသင်းမှာ ဆက်ရှိလိုပါက စာချုပ်သစ်၊ခံစားခွင့်အသစ်တွေနဲ့ ပြန်လည်ကမ်းလှမ်းဖို့ရှိနေပြီလို့ သိရတာပါ။

အလားတူ မာတီနက်ဇ်ကိုလည်း မူလက ရောင်းထုတ်ဖို့ စီစဥ်ထားပေမယ့် ဗိုလ်လုပွဲ ၂ပွဲမှာ ပြသခဲ့တဲ့ လက်စွမ်းတွေ ကြောင့် နည်းအာတီတာ ဆက်ထိန်းမယ့် ကစားသမားစာရင်း ဝင်လာခဲ့ပါပြီ။

မာတီနက်ဇ်ဟာ အက်ဖ်အေဖလားမှာ ပထမ ပွဲထွက်ဂိုးသမား လီနို ဒဏ်ရာရနေလို့ ပွဲထွက်ခဲ့ရပြီး အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့ကာ လက်စွမ်းပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်းကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာတော့ လီနိုသာ ပြန်လည်ပွဲထွက်လာဖို့ ရှိနေသည့်တိုင် နည်းပြအာတီ တာက မာတီနက်ဇ်ကိုသာ ရဲရဲဝံ့ဝံ့ နေရာပေးခဲ့ရာမှာလည်း စိတ်မပျက်စေခဲ့ပြန်ပါဘူး။

မစ်လန်နိုင်းစ်ကို ကနဦး ဝုလ်က ဆက်သွယ်ထားသလို မာတီနက်ဇ်ကိုလည်း အက်စတန်ဗီလာက စိတ်ဝင်စားနေ ပေမယ့် အာတီတာကတော့ နှစ်ဦးစလုံးကို အသင်းမှာ ဆက်ထိန်းသွားတော့မယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ နောက်ခံလူ ရော့ဘ်ဟိုးလ်ဒင်းဟာ နယူးကာဆယ်အသင်းကို အငှားနဲ့ သွားကစားမယ်လို့သိရ ပြီး ကွင်းလယ်လူ မာတီအိုဂွမ်ဒိုဇီကိုမူ မနှစ်က ခြေစွမ်းမပြနိုင်မှုကြောင့် ပြန်လည်ရောင်းချသွားမယ်လို့ သိရပါ တယ်။


Author


က္က