loading...

loading...

loading...

ဂါရတ်ဘေးလ်အတွက် တန်ကြေးကို ပေါင် (၁၁၂)သန်းလို့ ရီးရဲလ်က သတ်မှတ်လိုက်ပါတယ်။
Pyae Phyo Thein

သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရအပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

- မော်ရင်ဟို နဲ့ ကွန်တီတို့နှစ်ဦးထဲက ဘယ်သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အင်တာမီလန်အသင်းဟာ ဝေခွဲရခက်နေတယ်လို့ Le10sport က ဖော်ပြခဲ့ပါတယ်။ လက်ရှိနည်းပြ စပယ်လက်တီရဲ့အနာဂတ်ဟာ သေချာမှုမရှိတော့ပဲ အင်တာက နာမည်ကျော် နည်းပြတစ်ဦးကို ခန့်အပ်ဖို့ စီစဉ်နေပြီး အသင်းရဲ့ စီအီးအိုမာရော့တာက ကွန်တီကို အဆိုပြုထားပေမယ့် အသင်းပိုင်ရှင်ကတော့ မော်ရင်ဟိုကို ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။


- ESPN FC ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ကွင်းလယ်လူ ဟာရဲရားက ပီအက်စ်ဂျီကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်လာတယ်လို့ သိရပါတယ်။ အသက် (၂၉)နှစ်အရွယ် စပိန်ကွင်းလယ်လူက ဒီရာသီကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်ပြီးတဲ့နောက် တစ်ပတ်လုပ်ခ ပေါင် (၁၈၀၀၀၀)နဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ တာစူနေတာဖြစ်ပါတယ်။

- ဂါရတ်ဘေးလ်ရဲ့ တန်ဖိုးကို ပေါင် (၁၁၂)သန်းလို့ ရီးရဲလ်မက်ဒရစ်က သတ်မှတ်လိုက်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြသွားပါတယ်။ ဘေးလ်ကို လာမယ့်နွေရာသီမှ ပြန်လည်ရောင်းချပြီး အဆိုပါရောင်းချလို့ ရရှိမယ့်ငွေကြေးနဲ့ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ရီးရဲလ်က ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

- လာမယ့်နွေရာသီမှာ ဗင်နီရှပ်ဂျူနီယာကို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအနေနဲ့ အသုံးပြုသွားဖို့ ဇီဒန်းက ဆန္ဒရှိနေပါတယ်။ AS ရဲ့ ရေးသားခဲ့မှုမှာ ဇီဒန်းက ဗင်နီရှပ်ရဲ့ ခြေစွမ်းကို အခုလက်ရှိထက် ပိုပြီး တိုးတက်လာစေဖို့ အလိုရှိနေပြီး အသင်း တိုက်စစ်ပိုင်းမှာ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခွင့်ပေးဖို့ မျှော်လင့်နေပါတယ်။


loading...

က္က