မက်ဆီအတွက် ဖခင်ဖြစ်သူကို ဆက်သွယ်မေးမြန်းခဲ့တယ်လို့သိရပါတယ်။
Pyae Phyo Thein

ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်နေသူနှစ်ဦးကို အသင်းဖော်တွေအဖြစ် ပထမဆုံးအကြိမ်မြင်တွေ့နိုင်ဖွယ်ရာလည်း ရှိနေတာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းဟာ ဘာစီလိုနာကထွက်ခွာတော့မယ့် မက်ဆီကိုခေါ်ယူဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကစားသမားရဲ့အေးဂျင့်အဖြစ်တာဝန်ယူပေးထားတဲ့ ဂျော့မက်ဆီကို ဆက်သွယ်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်မှာ မက်ဆီနဲ့ ရော်နယ်ဒိုကို မြင်တွေ့ရတော့မှာလားဆိုတာလည်း စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ 

နည်းပြသစ်အဖြစ် တာဝန်ယူနေတဲ့ ပီယာလိုဟာ ရော်နယ်ဒိုတစ်ဦးတည်းအပေါ် မှီခိုနေရတဲ့ သွင်းဂိုးတာဝန်တွေကို လျှော့ချဖို့ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတယ်လို့ အီတလီသတင်းတွေကဖော်ပြခဲ့ပါတယ်။ မနေ့ကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ဆွာရက်ဇ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီး လက်ရှိမှာတော့ မက်ဆီကို ဆက်သွယ်နေခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ မက်ဆီကို ခေါ်ယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး စုံစမ်းနေတာလို့ သိရပါတယ်။ ဘာစီလိုနာကတော့ အသင်းကနေထွက်ခွာဖို့ မက်ဆီရဲ့တောင်းဆိုမှုကို လက်သင့်မခံဖို့ ဆုံးဖြတ်ထားပြီး ကစားသမားနဲ့ ထိပ်တိုက်ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေပြီး မက်ဆီကိုယ်တိုင်ကလည်း သူ့အနာဂတ်အတွက် အသင်းနဲ့ ပြတ်ပြတ်သားသားပြောဆိုချင်နေတယ်လို့ ဆိုပါတယ်။ 

ပြင်သစ်သတင်းစာ L'Equipe ရဲ့ ဖော်ပြချက်အရတော့ ဂျူဗီက မက်ဆီကိုကမ်းလှမ်းဖို့အတွက်ပါ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပြီး ရော်နယ်ဒိုနဲ့ တွဲဖက်ပေးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်နေသူနှစ်ဦးကို အသင်းဖော်တွေအဖြစ် ပထမဆုံးအကြိမ်မြင်တွေ့နိုင်ဖွယ်ရာလည်း ရှိနေတာဖြစ်ပါတယ်။ 

မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုးထွက်ပေါ်နေခဲ့ကာ မန်စီးတီးအသင်းကလည်း လက်ဦးမှုရယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အခွင့်အရေးကောင်းကိုလည်း မန်စီးတီးက ပိုင်ဆိုုင်ထားတယ်လို့ ဖော်ပြမှုတွေရှိနေခဲ့ပြီး ဂျူဗီအနေနဲ့ မန်စီးတီးနဲ့ယှဉ်ပြိုင်ကာ ခေါ်ယူနိုင်ဖို့ အားထုတ်ရမှာလည်းဖြစ်ပါတယ်။ 


Author


က္က