တစ်နှစ် ‌ပေါင် သန်း ၃၀ တန်ကြေးရှိမှာပါ။

ရော်နယ်ဒိုကို ချုပ်ဆိုမယ့် စာချုပ်မှာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ကိုပါ သဘောတူညီမှု ပါရှိတယ်လို့သိရပါတယ်။

ဂျူဗင်တပ်အသင်းက ရော်နယ်ဒိုကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုနိုင်ဖို့ ပြင်နေတယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။



ရော်နယ်ဒို ကိုယ်တိုင်ကလည်း လာဇီယိုကို ရှုံးနိမ့်ခဲ့တဲ့ အီတလီစူပါဖလား ပြိုင်ပွဲအပြီးမှာပဲ အသင်းနဲ့အတူ စာချုပ် သက်တမ်း တိုးချင်နေခဲ့တာလို့ သတင်းတွေ ထွက်လာပါသေးတယ်။



လက်ရှိမှာ ဂျူဗင်တပ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယိုက အသင်းအနေနဲ့လည်း ရော်နယ်ဒိုကို နောက်ထပ် ၃ နှစ်သက်တမ်းရှိစာချုပ်ကို တစ်နှစ်ထပ်မံ ချုပ်ဆိုခွင့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ပြောလာတာပါ။

အခု စာချုပ်ရဲ့ တန်ဖိုးအရ ရော်နယ်ဒိုအနေနဲ့ တစ်နှစ်ကို ပေါင် သန်း ၃၀ အထိ ရရှိမှာ ဖြစ်ပြီး သူ့အနေနဲ့ကလည်း ၃၈ နှစ်အထိ အကောင်းဆုံးပုံစံနဲ့ ဘောလုံးဇာတ်ခုံပေါ်မှာ အဆင့်မြင့်မြင့် ကစားနေနိုင်ဦးမယ်လို့ယုံကြည်နေတာ ပါ။

ရော်နယ်ဒိုကတော့ လက်ရှိမှာ ၃၄ နှစ်ရှိနေပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် အဆင့်မြင့်သွင်းဂိုးတွေနဲ့ သက်သေပြနေဆဲ ဖြစ်ပြီး ဂျူဗင်တပ်အသင်းကိုလည်း များစွာ အထောက်အပံ့ ဖြစ်နေစေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က