အီတလီသတင်းဌာနတစ်ခုက ဖော်ပြခဲ့တာပါ။
Pyae Phyo Thein

ပရိသတ်အများစုကတော့ ကောလာဟလသတင်းလို့သာ ယုံကြည်နေပြီး ရော်နယ်ဒိုဟာ ဂျူဗီမှာပဲ ဆက်လက်ကစားမယ်လို့ ခန့်မှန်းနေကြပါတယ်။ 


ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကို ယူရိုသန်း ၁၂၀ နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Calciomercato က ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါပမာဏဟာ ရီးရဲလ်ကနေ ရော်နယ်ဒိုကို ခေါ်ယူခဲ့စဉ်က ဂျူဗင်တပ်စ်အသင်းပေးချေခဲ့ရတဲ့ တန်ဖိုးဖြစ်ပြီး ၂နှစ်အကြာမှာ အဆိုပါတန်ဖိုးအတိုင်းခေါ်ယူဖို့ ချယ်လ်ဆီးက စဉ်းစားလာတာဖြစ်ပါတယ်။ 

ဒီအပြောင်းအရွှေ့မှာ အဓိကကျသူက ရော်နယ်ဒိုရဲ့ အေးဂျင့်ဂျော့မန်ဒက်စ်ဖြစ်နေတယ်လို့ သိရပြီး ချယ်လ်ဆီးကို ရော်နယ်ဒိုပြောင်းရွှေ့နိုင်အောင် သူဆောင်ရွက်ပေးနိုင်စွမ်းရှိတယ်လို့လည်း အီတလီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အများစုကတော့ ကောလာဟလသတင်းလို့သာ ယုံကြည်နေပြီး ရော်နယ်ဒိုဟာ ဂျူဗီမှာပဲ ဆက်လက်ကစားမယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ဒါပေမယ့် ချယ်လ်ဆီးဘက်က ကမ်းလှမ်းမယ့်ပမာဏဟာ ရော်နယ်ဒိုရဲ့ လက်ရှိစျေးကွက်ပေါက်စျေးထက် ပိုမိုများပြားနေပြီး ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဂျူဗီကို ဆွဲဆောင်နိုင်ဖွယ်ရှိပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျူဗီမှာ အကောင်းဆုံးခြေစွမ်းပြနေပေမယ့် သူ့ရဲ့လုပ်ခလစာကြီးမားမှုက ဂျူဗီအတွက်လည်း အခက်တွေ့စရာဖြစ်နေပါတယ်။ 

၂၀၂၂ အထိ ရော်နယ်ဒို နဲ့ ဂျူဗင်တပ်စ်တို့က စာချုပ်ချုပ်ဆိုထားကြတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း တူရင်မှာ ပျော်ရွှင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလအစောပိုင်းတုနး်ကလည်း ရော်နယ်ဒိုဟာ ဂျူဗီက ထွက်ခွာဖို့အတွက် စဉ်းစားနေပြီဆိုတဲ့ သတင်းတွေထွက်ပါ်ခဲ့ဖူးပြီး အခုအခါမှာတော့ ချယ်လ်ဆီးဘက်က ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းကနေ ၂၀၀၉ ခုနှစ်မှာ ထွက်ခွာခဲ့တဲ့ ရော်နယ်ဒိုကို ၁၁ နှစ်အကြာမှာ ပရီးမီးယားလိဂ်မြက်ခင်းစိမ်းတွေပေါ် မြင်တွေ့ရတော့မှာလားဆိုတာကလည်း စိတ်ဝင်စားစရာအချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၅ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 


Author


က္က