စပိန်ဂျာနယ်လစ်တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါဟာ ဘောလုံးပရိသတ်အားလုံးမြင်တွေ့ချင်နေတဲ့ ဆန္ဒတစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးကို တစ်သင်းတည်းမှာ မြင်တွေ့ရမှာလားဆိုတာက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာခဲ့ပါတယ်။


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းကို ဂျူဗင်တပ်စ်အသင်းက ကမ်းးလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဟာ ဂျူဗီမှာ နှစ်ရာသီကြာကစားခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၂၈ သန်းအထိ ရရှိနေသူဖြစ်ပါတယ်။ 

စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Guillem Balague ရဲ့ ထုတ်ဖော်ပြောဆိုမှုအရ ဒီသတင်းက ထွက်ပေါ်လာတာဖြစ်ပြီး အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ စီးရီးအေချန်ပီယံအသင်းအနေနဲ့လည်း ရော်နယ်ဒိုရဲ့ လုပ်ခလစာမြင့်မားမှုက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေပြီလို့ ခံစားနေရကြောင်း Guillem Balague က BBC ကို ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


ဒီအတွက်ကြောင့် ဘာစီလိုနာအပါအဝင် ဥရောပထိပ်သီးအသင်းတွေဆီ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်ဘက်က ကမ်းလှမ်းနေခဲ့ကြောင်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။ BBC 5 Live Sport ကို ပြောဆိုခဲ့မှုမှာ "နေရာတိုင်းကို ကမ်းလှမ်းနေတာပါ၊ ဘာစီလိုနာလည်းပါပါတယ်၊ သူတို့ရရှိမယ့် ပြောင်းရွှေ့ကြေးမျိုးက ရော်နယ်ဒိုကို ရောင်းထုတ်နိုင်မှာလားဆိုတာတော့ ကျွန်တော်သေချာမသိဘူး" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
 


တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးထိခိုက်မှုတွေရှိနေခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအပြောင်းအရွှေ့စျေးကွက်မှာ တန်ဖိုးမြင့်ကစားသမားတွေ ဝယ်ယူဖို့ကို ပြုလုပ်နိုင်ချေနည်းပါးနေတဲ့အသင်းအဖြစ် ယူဆခံနေရပြီး တကယ်လို့သာ ဒီလိုအမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုကို တစ်သင်းတည်းမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်


ဒါဟာ ဘောလုံးပရိသတ်အားလုံးမြင်တွေ့ချင်နေတဲ့ ဆန္ဒတစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးကို တစ်သင်းတည်းမှာ မြင်တွေ့ရမှာလားဆိုတာက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ကထွက်ခွာခဲ့ရတဲ့အပေါ် တော်တော်လေး စိတ်ပျက်နေတယ်လို့ သိရပြီး ဂျူဗီကလည်း နည်းပြဆာရီကိုထုတ်ပယ်ကာ ပီယာလိုကို အစားထိုးခန့်အပ်ထားခဲ့ပါတယ်။ 



က္က