နွေရာသီထိပ်တန်းပစ်မှတ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဒီရာသီမှာ အဲဗာတန်ကို ပြန်လည်တည်ဆောက်မှုတွေပြုလုပ်ခဲ့ရပြီး ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုကို အန်ဆယ်လော့တီက ကျော်ဖြတ်ခဲ့ရပါတယ်။


အဲဗာတန်အသင်းနည်းပြအန်ဆယ်လော့တီဟာ လာဇီယိုအတွက် ခြေစွမ်းပြကစားပေးနေတဲ့ တိုက်စစ်မှူးအီမိုဘီလီကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ လာမယ့်နွေရာသီစျေးကွက်ရဲ့ အဓိကခေါ်ယူမှုအဖြစ် အီမိုဘီလီကို အန်ဆယ်လော့တီက ရွေးချယ်ထားပြီး အသင်းတိုက်စစ်ပိုင်းအတွက် အထောက်အကူရမယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ အဲဗာတန်ကို ပြန်လည်တည်ဆောက်မှုတွေပြုလုပ်ခဲ့ရပြီး ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုကို အန်ဆယ်လော့တီက ကျော်ဖြတ်ခဲ့ရပါတယ်။ လာမယ့်ရာသီသစ်မှာတော့ အသင်းကို သူ့စိတ်ကြိုက်အကောင်အထည်ဖော်နိုင်တော့မှာဖြစ်ပြီးတော့ ထိပ်တန်းအသင်းတွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ 

အီမိုဘီလီကတော့ လာဇီယိုအတွက် စီးရီးအေသွင်းဂိုး ၃၄ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ စီးရီးအေရွှေဖိနပ်ဆုအတွက် ရော်နယ်ဒိုနဲ့ အပြိုင်ဖြစ်နေပြီး ပေါ်တူဂီတိုက်စစ်မှူးကို ၃ ဂိုးအသာစီးရရှိထားကာ လက်ကျန်ပွဲစဉ်နှစ်ပွဲသာကစားဖို့ ကျန်ရှိနေပြီး ရွှေဖိနပ်ဆုအတွက်က တော်တော်လေးအကြိတ်အနယ်ဖြစ်နေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အီမိုဘီလီနဲ့ လာဇီယိုတို့ဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြတာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ လာဇီယိုအတွက် လေးရာသီကြာကစားပေးထားပြီး စီးရီးအေပွဲပေါင်း ၁၄၀ မှာ ဂိုးပေါင်း ၁၀၁ ဂိုးအထိ သွင်းယူပေးထားခဲ့ကာ အီတလီလက်ရွေးစင်အသင်းမှာလည်း ပုံမှန်ကစားခွင့်ရရှိနေခဲ့သူဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က