အငှားနဲ့ ‌ေခေါ်ယူလိုက်တာပါ။

စီဒရစ်က ဆောက်သမ်တန်အသင်းကို ၂၀၁၅ ကတည်းက ရောက်လာခဲ့သူ ဖြစ်ပြီး အသက် ၂၈ နှစ်သာရှိပါသေး တယ်။

အသင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ နောက်တန်း လိုအပ်ချက်ကို နည်းပြ အာတီတာကတော့ ‌ဆောက်သမ်တန် နောက်ခံလူ စီဒရစ်နဲ့ ထပ်မံ ဖြည့်တင်းနိုင်ခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



စီဒရစ်က ဆောက်သမ်တန်အသင်းအတွက်လည်း ပွဲပေါင်း ၁၀၀ ကျော်ကစားပေးထားနိုင်သလို မိခင်နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့လည်း ၂၀၁၆ ဥရောပဖလားချန်ပီယံ ဖြစ်ထားသူပါ။



စီဒရစ်ကို ခေါ်ယူနိုင်တာနဲ့ပတ်သက်ပြီး - “ သူ့ကိုခေါ်ယူလိုက်နိုင်တဲ့အတွက် စိတ်ကျေနပ်ရပါတယ်၊သူက လိဂ် အကြောင်းကို ကောင်းကောင်းသိထားသူလည်း ဖြစ်သလို ညာနောက်ခံလူနေရာမှာ ကစားနိုင်တဲ့အတွက် ပိုအဆင် ပြေတာပါ။”လို့ နည်းပြချုပ် အာတီတာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းမှာ ညာနောက်ခံလူနေရာအတွက် ၂ ဦးသာရှိပြီး မစ်လန်နိုင်းလ်က ညာနောက်ခံလူ စစ်စစ် မဟုတ်ပဲ ဟတ်တာ ဘယ်လာရင်ကလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရနေလို့ အခုလို စီဒရစ်ရောက်လာတာက အသင်းအတွက် များစွာ အထောက်အကူ ရစေလာနိုင်ပါတယ်။

စီဒရစ်ကို မခေါ်ယူနိုင်ခင် အာာဆင်နယ်အသင်းကတော့ ဖလာင်မင်ဂို နောက်ခံလူ ပါဘလို မာရီကိုလည်း အငှား နဲ့ ခေါ်ယူထားနိုင်ပါတသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က