ချဲလ်ဆီးအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးထားပြီး ၁၁ ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ဘရာဇီး နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို အာဆင်နယ်အသင်းက ပေါင် ၈ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
အသက် ၃၂ နှစ်အရွယ်ဘရာဇီး နောက်ခံလူကို အာဆင်နယ်အသင်းက ၂ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ကြာ သပတေးနေ့(ဒီကနေ့)မှာ ဆေးစစ်မှု ခံယူသွားမယ်လို့လည်းသိရပါတယ်။
ဒေးဗစ်လုဇ်ကတော့ ချဲလ်ဆီးအသင်းကို ၂၀၁၁ ခုနှစ်က ဘင်ဖီကာအသင်းကနေ စတင်ရောက်ရှိလာခဲ့ပြီး၂၀၁၄ မှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အဲ့နောက် ၂၀၁၆ မှာတော့ ချဲလ်ဆီးအသင်းထံ တစ်ကျော့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂၀၁၉ မှာတော့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အသင်းရဲ့ ဝါရင့်နောက်ခံလူ ကိုစီရယ်နီကို ဘော်ဒိုးအသင်း ထံ ပြောင်းရွှေ့ခွင့်ပြုထားလို့ အစားထိုးခေါ်ယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
အာဆင်နယ်အသင်းအနေနဲ့ လုဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် ဆဲလ်တစ်နောက်ခံလူ တီယာနေးကိုလည်း ခေါ်ယူ ထားနိုင်ပါသေးတယ်။
အလားတူ တိုက်စစ်မှူး ပီပီ၊မာတီနယ်လီ၊ဆလီဘာ၊ဆယ်ဘယ်လောာ့စ်တို့ကိုလည်းခေါ်ယူထားနိုင်ပြီးလည်း ဖြစ်ပါတယ်။