လူကာကူက အင်တာမီလန်ကို သွားဖို့ ဆန္ဒရှိနေသူပါ။
Kyaw Ko Ko Sint

မူလက ဒိုင်ဘာလာကို အလဲအထပ်လုပ်ဖို့ မေးခဲ့တာဖြစ်ပေမယ့် ဒိုင်ဘာလာက မလာချင်တဲ့အတွက် အခုလို ကော်စတာကို ပြောင်းလဲမေးခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ အင်တာမီလန်ကို ပြောင်းဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူအတွက် အလိုက်ပေး ကမ်းလမ်းမှုတစ်ခုကို ဂျူဗင်တပ်အသင်းထံံ ပြုလုပ်ခဲ့ တယ်လို့ Daily Mail သတင်းဌာနကဖော်ပြပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းက ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ ဒေါက်ကလပ် ကော်စတာကို လိုချင် နေတာဖြစ်ပြီး တိုက်စစ်မှူးလူကာကူနဲ့ တိုက်ရိုက် လဲလှယ်ဖို့ ရှိမရှိ မေးခဲ့တာလို့လည်း ဆိုပါတယ်။

မူလကတည်းက မန်ချက်စတာယူနိုက်တက်အသင်းက ဂျူဗင်တပ်အသင်းကို အခုလို ကစားသမားချင်း အလဲအ ထပ်လုပ်ဖို့ မေးခဲ့တာ ဖြစ်ပြီး ပထမကတော့ ဒိုင်ဘာလာနဲ့ အလဲအထပ်လုပ်ဖို့ မေးခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဒိုင်ဘာလာက ဂျူဗင်တပ်ကနေ မထွက်ခွာချင်ပဲ နည်းပြသစ်ဆာရီနဲ့ သူ့ရဲ့ အနာဂတ်ကို ဆွေးနွေးချင်တယ်လို့ သိရတဲ့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းက နောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ ကေ်ာစတာနဲ့ ထပ်မံ မေးခဲ့တာပါ။

ကော်စတာကတော့ မန်ချက်စတာယူနိုက်တက်ကို လွန်ခဲ့တဲ့ ၁၂ လလောက်က ရောက်ဖို့နီးစပ်ခဲ့ပေမယ့် မရောက်ခဲ့တဲ့သူလို့ ဆိုပါတယ်။ ဂျူဗင်တပ်အသင်းကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖဟန်မရှိပဲ လူကာကူအနေနဲ့ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီရဲ့ အင်တာမီလန်ကိုသာ ရောက်ရှိဖို့ နီးစပ်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က