ချယ်ဆီးအသင်းတုန်းက လက်စွမ်းအတိုင်း မပြသနိုင်သူပါ။

ရီးရဲမက်ဒရစ်အသင်းဟာ ကော်တိုရစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် အက်သလက်တစ်ဘီလ်ဘာအိုဂိုးသမား အူနိုင်းဆိုင်မွန်ကို သတ်မှတ်ခဲ့တယ်လို့ caughtoffside ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ရွှေလက်အိတ်ဆုရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ကော်တိုရစ်ဟာ ဘာနေဗျူးကို ပြောင်းရွှေ့ခဲ့ပြီးနောက် လက်စွမ်းကျဆင်းနေခဲ့ပြီး လက်ရှိအချိန်အထိ ရီးရဲမက်ဒရစ်အသင်းအတွက် ပေးဂိုးမရှိ ၁၃ ပွဲ ရရှိအောင်သာ စွမ်းဆောင်ပေးနိုင်သေးတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တိုရစ်ဟာ တစ်ခါတုန်းက တိုက်စစ်မှူးတွေအတွက် အိပ်မက်ဆိုးဖြစ်ခဲ့တဲ့အတိုင်း ထပ်မံစွမ်းဆောင်ပြနိုင်ခြင်းမရှိသေးဘဲ ရီးရဲမက်ဒရစ်အသင်းဟာ တန်းတက် ရီးရဲမာလော်ကာအသင်းကို ရှုံးနိမ့်ပြီး လာလီဂါအမှတ်ပေးဇယားဒုတိယနေရာကို ကျဆင်းခဲ့တာဖြစ်ပါတယ်။

El Desmarque ရဲ့ဖော်ပြချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ ပုံမှန်လက်စွမ်းမပြသနိုင်တဲ့ ကော်တိုရစ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် အက်သလက်တစ်ဘီလ်ဘာအိုဂိုးသမား အူနိုင်းဆိုင်မွန်ကို သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူနိုင်းဆိုင်မွန်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အက်သလက်တစ်ဘီလ်ဘာအို စီနီယာအသင်းကြီးအတွက် ပါဝင်ကစားခွင့်စတင်ရရှိခဲ့သူဖြစ်ပြီး ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ပေးဂိုးမရှိပွဲစဉ် ၇ ပွဲ စွမ်းဆောင်းပေးထားသူဖြစ်ပါတယ်။



က္က