မန်ဒီအနေနဲ့ ဘာလင်ကို ဆေးစစ်ဖို့ သွားတော့မှာပါ။
Kyaw Ko Ko Sint

မန်ဒီရောက်လာချိန်မှာ ကီပါအနေနဲ့ ပွဲထွက် ဂိုးသမားနေရာအတွက် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းကတော့ ကီပါကို အနည်းဆုံး ပေါင်သန်း ၅၀ရရင် ‌ရောင်းဖို့ ပြင်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့အထိ သဘောတူညီမှု ရရှိခဲ့တဲ့ ရန်းနက်စ်ဂိုးသမား အက်ဒ်ဝက်မန်ဒီဟာ ဆေးစစ်ဖို့ အတွက် ဘာလင်ကို သွားတော့မယ်လို့ Daily Mail ကဖော်ပြလာပါတယ်။

အသက် ၂၈နှစ်အရွယ်မန်ဒီကို ပေါင် ၂၂သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပြီး သူ့ကို ချဲလ်ဆီးအသင်းက ခေါ်ယူရ တဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်စွမ်းကျဆင်းနေတဲ့ ဂိုးသမား ကီပါနေရာမှာ အစားထိုးဖို့ ဖြစ်ပါတယ်။

အရပ် ၆ပေ၆လက်မရှိတဲ့ ဂိုးသမားမန်ဒီကို စပိန်ဂိုးသမား ကီပါအနေနဲ့ ပွဲထွက်နေရာအတွက် တိုက်ပွဲဝင်နိုင်အုံး မလား စိတ်ဝင်စားစရာပါ။

ဒါပေမယ့်လည်း အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု အပြီး မသတ်နိုင်သေးတဲ့အတွက် မန်ဒီ အနေနဲ့  အသင်းနဲ့အတူ လေ့ကျင့်ခန်း ဝင်နေပြီး လန်ဒန်ကိုလာဖို့ရက်ပို ပြန်လည်ညှိနှိုင်း လုပ်ဆောင်နေတယ် လို့လည်းသိရပါသေးတယ်။

အသက် ၂၅နှစ်အရွယ်ကီပါကတော့ ပြီးခဲ့တဲ့ လီ‌ဗားပူးကို ၀-၂နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အမှားကျူးလွန်မှုကြောင့် ဂိုး တစ်ဂိုးပေးလိုက်ရတာကတော့ နည်းပြ လမ်းပတ်ရဲ့ ကာကွယ်မှုကို ဆက်လက်ရရှိဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်သွားရပါပြီ။

ကီပါကို ပေါင် ၇၁.၆သန်းနဲ့ စံချိန်တင်ရောက်ရှိလာခဲ့ပေမယ့်လည်း မနှစ်က ဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ပထမ ဦးစားပေး ဂိုးသမား နေရာကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

ဒါ့အပြင် အသင်းကနေလည်း အနည်းဆုံး ပေါင်သန်း ၅၀ရရင် ရောင်းချသွားမယ်လို့ ချဲလ်ဆီးအသင်းက ရောင်း ထုတ်ဖို့ စီစဥ်ထားပြီးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က