ဘေးလ်က ရီးရဲကို ၂၀၁၃တုန်းက ပေါင် ၈၅သန်းနဲ့ ရောက်ရှိလာခဲ့သူပါ။
Kyaw Ko Ko Sint

ဘေးလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းအထိ လျော့ချပေးဖို့ရှိသလို လစာကိုလည်း တစ်ဝက်အထိ ပေးချေပေးသွားမယ်လို့သတင်းထွက်ပေါ်လာတာပါ။

ဂါရတ်‌ဘေးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖြစ်ပါက လက်ရှိ ပေးချေနေရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၆သိန်းရဲ့ တစ်ဝက်ကို ရီးရဲအသင်းဖက်က ဆက်လက်ပေးချေသွားမယ်လို့ Daiy Mail က ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ၁၂လအလိုတုန်းက ကျွန်တော် တရုတ် စူပါလိဂ်ကို သွားဖို့လုပ်တုန်းက သူတို့ တားမြစ်ခဲ့ကြပြီး အသင်းက ထွက်ဖို့ အရမ်းခက်ခဲနေပါတယ်လို့ ဘေးလ်က ပြီးခဲ့တဲ့ အပတ်ကမှ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုတော့ အသင်းဖက်က ရပ်တည်မှု ပြန်လည်ပျော့ပြောင်းလာပြီ ဖြစ်ပြီး ကစားသမားရဲ့ လစာ တစ်ဝက်ကိုတောင် ပေးချေပေးသွားဖို့ လုပ်နေပြီလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က စပိန်ဖက်မှ လာတဲ့ သတင်းတွေအရ ဘေးလ်အတွက် ရီးရဲအသင်းက ပေါင် ၂၂သန်းထိ လျော့ချ ရောင်းချဖွယ်ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ဘေးလ်အနေနဲ့ကတော့ ရာသီကြို အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေကို ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပေမယ့် ဒဏ်ရာကြောင့် ကောင်းမွန်စွာ ပူးပေါင်းနိုင်ခြင်းတော့ မရှိသေးပေ။

AS သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၃၁နှစ်အရွယ် ဝေးလ်လက်ရွေးစင်ဟာ ဒူးဒဏ်ရာရနေတယ်လို့ သိရ ပေမယ့် ဝေးလ်အသင်းရဲ့ နိုင်ငံ လက်ရွေးစင် ပွဲတွေမှာတော့ ပါဝင်ကစားပေးနိုင်ခဲ့တာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က