နှစ်ရှည်အငှားသဘောမျိုးနဲ့ အလိုက်ပေး ကမ်းလှမ်းဖွယ်ရှိနေတာပါ။
Kyaw Ko Ko Sint

အလီကို စပါးအသင်းက ရီးရဲအသင်းထံ နှစ်ရှည်အငှားသဘောမျိုးနဲ့ အလိုက်ပေးကာ ဘေးလ်ကို ခေါ်ယူဖွယ်ရှိနေ ပြီး အလီရဲ့ လစာကိုတော့ ရီးရဲအသင်းဖက်က အပြည့်ပေးချေပေးရမယ်လို့လည်းသိရပါတယ်။

စပါးအသင်းဟာ ရီးရဲအသင်းမှာ အဆင်မပြေဖြစ်နေတဲ့သူတို့ရဲ့ ကစားသမားဟောင်း ဘေးလ်ကို ပြန်လည်ခေါ်ယူ နိုင်ရေးအတွက် ရီးရဲအသင်းနဲ့ ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။


တစ်ချိန်တည်းမှာပဲ စပါးအသင်းအနေနဲ့ ဘေးလ်ကို လိုချင်ပါက အသင်းမှာရှိနေတဲ့ အင်္ဂလန် လက်ရွေးစင် ဒယ်လ် အလီကို ရီးရဲအသင်းထံ ပေးရဖို့ ရှိနေတယ်လို့လည်း Telegraph သတင်းဌာနက ရေးသားဖော်ပြလာပါတယ်။

စပါးအသင်းရဲ့ ဒန်နီရယ် ကိုယ်တိုင်ကလည်း ‌ဘေးလ်ကိုခေါ်ယူဖို့နဲ့ အလီကို ရီးရဲအသင်းထံ ခွင့်ပြုပေးဖို့က ဖြစ်လာ နိုင်ချေရှိတယ်လို့ ထုတ်ဖော်ပြောလာတာ ရှိပါသေးတယ်။

ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူကလည်း သူ့ကစားသမားကို စပါးအသင်းထံ ရောင်းချနိုင်ရေးအတွက် နှစ်ဖက်အသင်း တာဝန်ရှိသူတွေ စတင်ဆွေးနွေးနေပြီလို့ ထုတ်ဖော်ပြောလာတာကြောင့်လည်းဘေးလ်ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ဒီအခြေအနေမှာ အလီရဲ့ ဖြစ်တည်မှုက အနည်းငယ် ရှုပ်ထွေးနေပြီး ဘယ်လိုပုံစံမျိုးနဲ့ ရီးရဲအသင်းထံ ခွင့်ပြုပေးမှာ လဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

GIVEMESPORT သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ စပါးအသင်းက ဘေးလ်ကို ရဖို့အတွက် အလီကို နှစ်ရှည် အငှားသဘောမျိုးနဲ့ ရီးရဲအသင်းက လစာအပြည့်ပေးချေစေကာ စေလွှတ်ပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဘေးလ်ကိုတော့ ရီးရဲအသင်းက တရားတင် ကြေညာထားပြီးသား ဖြစ်တဲ့အတိုင်း လစာတစ်ဝက်ကို ရီးရဲအသင်းက ပေးချေ‌ပေးသွားမှာလည်း ဖြစ်ပါတယ်။

ဘေးလ်ကတော့ ၂၀၁၃ခုနှစ်က စပါးအသင်းထံကနေ ရီးရဲအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်းနဲ့ ပြောင်းရွှေ့ ခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က