loading...

loading...

loading...

ရီးရဲကို ပြောင်းဖို့ လုပ်နေတာပါ။
Kyaw Ko Ko Sint

ပေါ့ဂ်ဘာက ရီးရဲကို ပြောင်းချင်နေတာ ဖြစ်ပြီး ဆိုးလ်ရှားက အသင်းမှာ ဆက်ရှိရေး အသင်းခေါင်းဆောင် တာဝန်ပေးအပ်ပြီး တားဆီးနေတယ်လို့ ဖော်ပြလာတာဖြစ်ပါတယ်။

ရီးရဲအသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ့ဂ်ဘာကို မန်ယူအသင်းက အသင်းခေါင်းဆောင်တာဝန်ပေးအပ်မယ်ဆိုပြီး မက်လုံးပေး တားဆီးနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ ရီးရဲအသင်းကို လာမယ့်နှစ်နွေရာသီမှာ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပြီး ဒါကို မန်ယူအသင်းက အသင်းမှာ ဆက်ထိန်းဖို့ကြိုးပမ်းနေတာပါ။

လက်ရှိမှာလည်း အသင်းခေါင်းဆောင် တာဝန်ကို အမြဲ ထမ်းဆောင်နေခဲ့တဲ့ အန်တိုနီယို ဗလင်စီယာ ကလည်း လာမယ့်နွေရာသီမှာ အသင်းကနေ ပြောင်းတော့မှာဆိုတော့ ပေါ့ဂ်ဘာကို မန်ယူက အသင်း ခေါင်းဆောင် တာဝန် လွှဲပြောင်းယူဖို့ ပြောလာတာ ဖြစ်ပါတယ်။

အခြား စီနီယာတစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ယန်းကလည်း လာမယ့်နှစ်မှာ အသင်းမှာ ပွဲထွက် ပါဝင်နိုင်ဖို့ သိပ်မမျှော်လင့်နိုင်တော့တာကြောင့် နည်းပြဆိုးလ်ရှားက အသင်းကို တိကျတဲ့ ကြေညာချက် ထုတ်ပြန်ချင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ နည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာကို အပေါင်းလက္ခဏာဆောင်စေမယ့် မက်ဆေ့တစ်ခု ပို့ခဲ့ကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တဲ့အကြောင်း ပြောလာခဲ့တာပါ။

ဒါ့အပြင် ပေါ့ဂ်ဘာအနေနဲ့ မန်ယူအသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်တယ်ဆိုတဲ့အကြောင်းလည်း ဆိုးလ် ရှားကပြောခဲ့တယ်လို့ ဆိုပါသေးတယ်။

ပေါ့ဂ်ဘာအနေနဲ့ ဒီနှစ်ဘောလုံးရာသီအစ ပွဲစဉ်အချို့မှာတော့ မန်ယူအသင်းမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူကစားခဲ့တာတွေလည်း ရှိပါတယ်။


loading...

က္က