ဖယ်လိုင်နီနဲ့ဟာရဲရားနေရာ အစားထိုးဖို့ပါ။

ဖာနန်ဒက်စ်ရဲ့အေးဂျင့်က လန်ဒန်ကို ရောက်ရှိနေပြီး ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းကနေထွက်ခွာသွားတဲ့ ဖယ်လိုင်နီနဲ့ ဟာရဲရားတို့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ကစားသမားသစ်တစ်ဦးကို ခေါ်ယူနိုင်ရေးကြိုးပမ်းနေတယ်လို့ Express သတင်းဌာ နကဖော်ပြပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီ ကြယ်ပွင့် ဖာနန်ဒက်ရဲ့ အေးဂျင့်မီဂွဲလ်ပင်ဟိုအနေနဲ့ လန်ဒန်ကို ရောက်ရှိနေပြီး မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ စကားပြောဆိုသွားမယ်လို့ သိရပါတယ်။



“ဖာနန်ဒက်စ်အတွက်နဲ့ ပတ်သက်ပြီးယူနိုက်တက် ပရိသတ်တွေ စိတ်လှုပ်ရှားနေမယ်ဆိုတာသိပါတယ်၊ ပေါ်တူဂီ အတွက်လည်း အကောင်းဆုံး ပေးဆပ်နိုင်ခဲ့သလို ဂိုး ၃၀ နှင့်အထက်လည်း တစ်ရာသီလုံး သွင်းယူနိုင်ခဲ့သူပါ။” လို့ Sky Sports သတင်းအစီအစဉ်တစ်ခုမှာ ပြောသွားခဲ့ပါတယ်။ စပါးနဲ့ လီဗာပူးတို့ကလည်း အဆိုပါ ကွင်းလယ်ကစားသမားအတွက် အပြိုင်ကြိုးပမ်းနေတယ်လို့သိရပြီး မည်သည့်အသင်းကမျှ ခေါ်ယူနိုင်ရန် အလေးသာနေတာမျိုး မရှိသေးပါဘူး။

စပို့တင်းရဲ့ ဥက္ကဌကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ကစားသမားအတွက် မြင့်မားတဲ့ အပြောင်းအရွှေ့ တန်ကြေးပေးထားတယ်လို့ ပြောထားပါတယ်။

“စပို့တင်းအတွက် တန်ကြေးမြင့်မားတဲ့ ကမ်းလှမ်းမှုပါ၊ အရင်က အမြင့်ဆုံးက မာရီယိုရဲ့ယူရိုသန်း ၄၀ပါ၊ အခု ဖာနန်ဒက်စ်အတွက် ပြောနေပါတယ်၊ ကျွန်တော်အခု ပြောနိုင်တာကတော့ ကစားသမားသာ ထွက်ခွာ သွားရင် အသင်းအနေနဲ့ အကျိုးအမြတ်အများကြီး ရမယ်ဆိုတာကိုပါ၊ဒါကြောင့် ဈေးကွကိုတော့ ဆုပ်ကိုင် ထားပါတယ်။ ကျွန်တော်ကတော့ သူ့ကို ဒီမှာ ဆက်ရှိစေချင်ပေမယ့် အားလုံးလည်းသိတဲ့အတိုင်းပဲလေ။” လို့ ဥက္ကဌ ဗာရန်ဒက်စ်က အားကစားရေဒီယို အစီအစဉ်တစ်ခုကို ပြောသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကတော့ မနှစ်က စပို့တင်းအတွက် လိဂ်၃၃ ပွဲမှာ ဂိုး၂၀ သွင်းပြီး ၁၃ ဂိုးဖန်တီးပေးထားနိုင် သလို ယူရိုပါလိဂ် ၈ ပွဲမှာလည်း ၃ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းအတွက်လည်း နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ တဲ့ ကွင်းလယ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က