ကိုယ်စီ ကလပ်အသင်းအားလုံးက အတည်ပြု ကြေညာခဲ့ကြပါတယ်။
Kyaw Ko Ko Sint

အသင်းရဲ့ ၂၃ နှစ်အရွယ်ကွင်းလယ်လူ ရိုဒရီကို မန်စီးတီးအသင်းထံ ပေါင် ၆၂.၈သန်းနဲ့ ရောင်းချခဲ့သလို ဘင်ဖီကာအသင်းက အသက် ၁၉နှစ်အရွယ် လူငယ်ကစားသမား ဂျာအိုဖီးလစ်ကို ပေါင် ၁၁၃ သန်းနဲ့ ပြန်လည် ခေါ်ယူခဲ့တာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ရိုဒရီကို မန်စီးတီးအသင်းထံ ရောင်းချပြီး ဘင်ဖီကာအသင်းက ရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးနေတဲ့ ဂျာအိုဖီးလစ် ကို အပြီးသတ် ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။



BBC SPORT သတင်းဌာနရဲ့ ဖော်ပြမှုအရ မန်စီးတီးဟာ ရိုဒရီအတွက် စာချုပ်လျော်ကြေး ပေါင် ၆၂.၈ သန်း ပေးချေခဲ့ရတယ်လို့သိရပြီး အက်သလက်တီကိုအသင်းကတော့ ဘင်ဖီကာမှ ဂျာအိုဖီးလစ်ကို ပေါင် ၁၁၃ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ရဲ့ သတင်းကိုတော့ ဘင်ဖီကာအသင်းက အတည်ပြုခဲ့ပြီး စာချုပ်လျော်ကြေး ယူရို သန်း ၁၂၀ နဲ့ ပြောင်းရွှေ့ကြေး ယူရို ၆သန်း ပေးလျော်ခဲ့တာလို့ သိရပါတယ်။ ရိုဒရီကတော့ အက်သလက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၃ ခုနှစ်အထိ ရှိပေမယ့်လည်း မန်စီးတီးအသင်းက လက်ကျန် စာချုပ်သက်တမ်းကိုု ဖျက်သိမ်းနိုင်ဖို့ လျော်ကြေးပေးပြီး ခေါ်ယူလိုက်တာလို့ အက်သလက်တီကိုအသင်းက သတင်းထုတ်ပြန်ပါတယ်။

ရိုဒရီကတော့ ၂၀၁၈ မေက အက်သလက်ကို ဗီလာရီးရဲက ရောက်လာပြီး မနှစ်ကရာသီမှာ အသင်းအတွက် ၃၄ ပွဲ ပါဝင်ပေးနိုင်ခဲ့ပါတယ်။ ရိုဒရီ ထွက်သွားတဲ့အတွက်အက်သလက်တီကိုအသင်းက ဂျာအိုဖီးလစ်ကို ၇ နှစ်စာချုပ်နဲ့ အပြောင်းအရွှေ့ သမိုင်းတလျှောက် ၅ ဦးမြောက် တန်ကြေး အမြင့်မားဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် လူငယ်ကစားသမားတွေထဲမှာလည်း ပီအက်စ်ဂျီက ဘတ်ပေကို မိုနာကိုက ယူရို သန်း ၁၈၀ နဲ့ ခေါ်ယူမှုအပြီး ဒုတိယမြောက် တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမားဖြစ်လာခဲ့ပါပြီ။ မူလကကတည်းက ရိုဒရီကိုရောင်းပြီးဂျာအိုဖီးလစ်ကို ဝယ်ယူမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ထားပေမယ့်လည်း ကလပ်အသင်းကတော့ အခုမှသာ တရားဝင် ကြေညာနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က