ဂရုဇ်မန်းအတွက် ပထမရာသီမှာ တစ်နှစ်စာလုပ်ခ ယူရို ၁၈သန်းထိ သုံးစွဲထားရပါတယ်။
Kyaw Ko Ko Sint

အက်သလက်တီကိုမက်ဒရစ်အသင်းက ဂရုဇ်မန်းကို လိုချင်ပေမယ့်လည်း မြင့်မားတဲ့လုပ်ခကြောင့် အခက်တွေ့ နေပြီး ဖိလစ်နဲ့ လဲဖို့လည်း ချက်ခြင်း ငြင်းပယ်လိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဘာတိုမြူက ဂျာအိုဖိလစ်နဲ့ဂရုဇ်မန်းကို တိုက်ရိုက်လဲလှယ်ဖို့ အက်သလက်တီကိုမက် ဒရစ်အသင်းကို ကမ်းလှမ်းလိုက်တယ်လို့ Marca သတင်းဌာနက ဖော်ပြလာပါတယ်။

ဒါပေမယ့်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ အဆိုပါ ကမ်းလှမ်းမှုကို စိတ်ဝင်စားမှု မရှိဘူးလို့ ပြန် လည်တုံ့ပြန်ခဲ့ပါတယ်။

ဘာတိုမြူကတော့ ပြီးခဲ့တဲ့ နွေရာသီကမှ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ မြင့်မားတဲ့ စရိတ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရုဇ်မန်းကို အသင်းက ပြန်လည်ထုတ်ပြီး ကစားသမားဟောင်း နေမာကို ပြန်လည်ခေါ်ယူ လိုနေတာလို့လည်း သိရပါသေးတယ်။

ဂရုဇ်မန်းကို ပေးချေရတာက တစ်နှစ်ကို ယူရို ၂၁သန်းရှိပေမယ့်လည်း ပြီးခဲ့တဲ့ ပထမနှစ်ရာသီအတွက်မူ ၁၈သန်း သာ ပေးချေခဲ့ရတယ်လို့သိရပါတယ်။ဒါပေမယ့်လည်း အက်သလက်မှာတော့ ဖိလစ်အတွက်တစ်နှစ်လုံးကိုမှ ယူရို ၃.၅သန်းသာ ပေးချေနေရတယ်လို့ သိရပါတယ်။

အက်သလက်ကမူ ဂရုဇ်မန်းကို လိုချင်ပေမယ့် ဖိလစ်နဲ့ အလဲအထပ်လုပ်မယ့် ကိစ္စကိုတော့ အလျင်အမြန် ငြင်းပယ် ခဲ့ပြီး အကယ်၍ ဂရုဇ်မန်းလို လုပ်ခမြင့်သူကို ပြန်ခေါ်မယ်ဆိုရင် အသင်းအနေနဲ့ ဘဏ္ဍာရေး ပြဿနာ အနည်းငယ် မျှ ကြုံတွေ့လာနိုင်နေတာပါ။

ဘာတိုမြူက ဂရုဇ်မန်းကို ရောင်းချင်နေပေမယ့်လည်း ဘာစီလိုနာမှာ ဘယ်လိုစျေးနဲ့မှ မရောင်းထုတ်နိုင်မယ့် ကစားသမား စာရင်းထည့်သွင်းခံထားရသူ ၇ဦးရှိပြီး ဂရုဇ်မန်းလည်း ပါဝင်နေလျက်လို့ မာကာသတင်းဌာနက ဖော်ပြလာပါသေးတယ်။

ဂရုဇ်မန်းအပါအဝင် မက်ဆီ၊သာစတီဂန်၊အန်ဆုဖာတီ၊ကလိုင်းမက်၊ဆီမီဒို၊ဒမ်ဘီလီတို့ကို ဘယ်လိုမှ မရောင်းချမယ့် စာရင်းထဲ ထည့်ထားတာပါ။

ဒါပေမယ့်လည်း နည်းပြသစ် ကိုးလ်မန်းရောက်လာချိန်မှာတော့ ဘာစီလိုနာမှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့က ထွက်ခွာရ ဖို့ ဖြစ်နိုင်ချေစာရင်းမှာ ပါဝင်လာတာကြောင့် ဂရုဇ်မန်းက ရှေ့တန်းမှာ ပိုပြီး အရေးပါလာနိုင်သူ ဖြစ်လာ တော့မှာပါ။

ဒီအချိန်မှာ အသင်းဥက္ကဌက ဂရုဇ်မန်းကို ရောင်းထုတ်မယ်လို့ သတင်းထွက်ပေါ်လာတာက အသင်းရဲ့ ကစားသမား တည်ဆောက်မှု အခြေအနေကို မေးခွန်းထုတ်လာနိုင်စရာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က