ကစားသမားက ဂွာဒီယိုလာနဲ့သာ လက်တွဲချင်နေပါတယ်။

အစောပိုင်းမှာ ယူနိုက်တက်က မန်စီးတီးထက် ငွေကြေးပိုမိုပေးချေသွားမှာဖြစ်လို့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေခဲ့ပြီး သူတို့ရဲ့ ယုံကြည်မှုဟာ ဂွာဒီယိုလာရဲ့ စွမ်းရည်ကြောင့် ပျက်ပြယ်ရတော့မှာ ဖြစ်ပါတယ်။


လက်စတာစီးတီးနောက်ခံလူ မက်ဂွဲယားဟာ မန်ချက်စတာယူနိုက်တက်အသင်းထက် မန်စီးတီးကိုပဲ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အီတီဟတ်ကို ပြောင်းရွှေ့ဖို့ပဲ စိတ်အားထက်သန်နေပြီး အဓိကအကြောင်းပြချက်ကတော့ နည်းပြဂွာဒီယိုလာလက်အောက်မှာ ကစားချင်တာကြောင့်လို့ သိရပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ မက်ဂွဲယားကို ခေါ်ယူဖို့ ကြိုးစားမှုဟာ ကစားသမားရဲ့ ဆန္ဒကြောင့် ဆုံးရှုံးရဖွယ်ရှိနေပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယူနိုက်တက်က မန်စီးတီးထက် ငွေကြေးပိုမိုပေးချေသွားမှာဖြစ်လို့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေခဲ့ပြီး သူတို့ရဲ့ ယုံကြည်မှုဟာ ဂွာဒီယိုလာရဲ့ စွမ်းရည်ကြောင့် ပျက်ပြယ်ရတော့မှာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင်ကွန်ပနီကို စာချုပ်သစ်ထပ်မံမချုပ်ဆိုတော့ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်လွှတ်ခဲ့တဲ့ မန်စီးတီးက မက်ဂွဲယားနဲ့ ပြန်လည်အစားထိုးဖို့ ကြိုးစားနေပါတယ်။ အော်တာမန်ဒီရဲ့ ခြေစွမ်းပိုင်းကို ဂွာဒီယိုလာက ကြိုက်နှစ်သက်မှုမရှိတော့ဘူးလို့ သိရပြီး လာပေါ့တ်နဲ့ တွဲဖက်ကာ ကောင်းမွန်တဲ့ ဗဟိုခံစစ်ကို ဖန်တီးဖို့ ကြံရွယ်နေခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဟားလ်စီးတီးကနေ လက်စတာကို ပေါင် (၁၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မက်ဂွဲယားက (၂)နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်ခံစစ်မှူးအဖြစ် ခြေစွမ်းပြခဲ့ပါတယ်။ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာလည်း အရေးပါတဲ့ ကစားသမားတစ်ဥိးအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်၊ နေးရှင်းလိဂ်ပြိုင်ပွဲမှာ တတိယနေရာရရှိအောင် မက်ဂွဲယားက ကူညီပေးနိုင်ခဲ့ပါတယ်။

မက်ဂွဲယားကို မော်ရင်ဟိုလက်ထက်မှာကတည်းက ယူနိုက်တက်က အလိုရှိနေခဲ့တာဖြစ်ပြီး ကြိုးစားမှုပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ရှိခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာလည်း ထပ်မံကြိုးစားမှုတွေပြုလုပ်နေပြီး လင်ဒီလော့ဖ်နဲ့ တွဲဖက်ပေးဖို့ စီစဉ်ခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်ထက် မန်စီးတီးကို ပြောင်းရွှေ့ဖို့သာ အားသန်နေခဲ့ပြီလည်း ဖြစ်ပါတယ်။



က္က